“ပလုံ” (တာရာမင်းဝေ)

“ပလုံ”
ရေထဲကိုခဲကျသွားတာလဲဖြစ်နိုင်တယ်
ရေထဲက ငါး
ခုန်တက်လာတာလဲဖြစ်နိုင်တယ်...
တစ်နေ့မှာ ငါ့အတ္ထုပ္ပတ္တိကို
ငါဖွင့်ကြည့်လိုက်တယ်
ဘယ်လိုဖြစ်သွားလဲမသိဘူး
“ပလုံ”
တာရာမင်းဝေ
(နောက်ဆုံးရေးသွားတဲ့ကဗျာ)

No comments: