မီးအိမ်တစ်လုံးပေးပါ ကျွန်တော်လမ်းလျှောက်ထွက်မလို့ (လင်းလွန်းဖြူ)

အပြင်မှာမှောင်နေပြီလား
ပြတင်းပေါက်ဖွင့်ကြည်တော့့
မနက်ဖြန်တွေ အိပ်ယာမထသေးဘူး
တကယ်ဆို
ခိုတွေငှက်တွေ
အစာရှာဖို့သင့်ပါပြီ အမေ
ချော့ချော့မော့မော့
ကိုယ့်ကိုယ်ကို တွေးကြည့်လို့ရနေသရွေ့
လူဖြစ်မရှူံးသေးဘူး
ကျွန်တော်ဒီလို ယူဆတယ်
ကျကျန်ခဲ့သမျှ ပြန်ကောက်ဖို့ စိတ်မကောင်းဘူး
လောလောဆယ်ဆိုတာ ပိုအရေးကြီးလိမ့်မယ်
ထင်ရာမြင်ရာ
စွဲမိစွဲရာ
ကိုယ့်အနာဂတ် ကိုယ်ရှာဖို့
ဆံသဆိုင်သွားရမလား
ဘီယာဘားသွားရမလား
ကာရာအိုကေဆိုင် သွားရမလား
ချက်တစ်ပွဲလောက် ထိုးရမလား
သင်တန်းတစ်ခုခုတက်ရမလား
စာအုပ်တွေဖတ်ရမလား
ရည်းစားတစ်ယောက်လောက်ရှာရမလား
ဆေးမင်ကြောင်ထိုးကြည့်ရမလား
အလိမ်အညာတွေ ခံကြည့်ရမလား
................။
ဘာပဲဖြစ်ဖြစ်ပါအမေ
မီးအိမ်တစ်လုံးလောက်ပေးပါ
ကျွန်တော်လမ်းလျှောက်ထွက်ကြည့်ချင်တယ်။
လင်းလွန်းဖြူ

No comments: