ငါဟာ ခန်းမကြီးထဲသို့ဝင်
စင်ပေါ်သို့တက်
လက်ကိုဝှေ့ယမ်းပြီး
နံရံ…
မမြင်ရတဲ့နံရံနဲ့
မြင်ရတဲ့နံရံတွေအပေါ်မှာ
ဖြေဖျော်သလိုလို
ဟောပြောသလိုလို
ငိုစရာလိုလို
ရယ်စရာလိုလို
မှော်ဆရာလိုလို
ဗေဒင်ဆရာလိုလို
တဘောင်လိုလို
ကောလဟာလလိုလို
ရာဇ၀င်လိုလို
သမိုင်းလိုလို
အောက်ပါစာကြောင်းများကို
ငါလျှောက်ရေးတယ် ငါရေးတယ်။
အခု မိတ်ဆွေဖတ်ရမှာ
ကျွန်တော်လျှောက်ရေးတဲ့
ကျွန်တော့်“အဟမ်း…”
ကျွန်တော့် “ကျမ်း..” အဲ..
ကျွန်တော့် ကဗျာဖြစ်ပါတယ်။
(၁)
ဒါပေမဲ့ ဒါဟာ
အလေးအနက်ပါ။
ကျွန်တော့်လိုပဲ ပျင်းနေတဲ့
ကျွန်တော့် သူငယ်ချင်းတွေကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။
သူတို့နှစ်ယောက်ဟာ အတော်ကွာဝေးပြီး
ကျွန်တော့်နဲ့လည်း အတော်ကွာဝေးတဲ့
ကျွန်တော့်သမီးနှစ်ယောက်ကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။
ဘ၀တစ်သက်တာမျှ
တစ်ယောက်ကိုတစ်ယောက်တွေ့အောင်
သူတို့စောင့်စားခဲ့ကြ
ငါ့ နှစ်ပေါင်းများစွာ ညီငယ်လေး
အဲဒီညီငယ်ရဲ့ ညီမလေး
သူတို့ကို ဖတ်ပြဖို့ရည်ရွယ်ပါတယ်။
အသံနဲ့ စာရေးစာဖတ်ပြုနေတဲ့
ကျွန်တော်တို့ရဲ့ အာစရိယဂုဏော
ဆရာ ဒဂုန်တာရာကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။
(၂)
အဲ သလိုနဲ့
ငါ့ ဒီကဗျာကို စလိုက်ရဲ့
(၃)
ဘာဖြစ်လို့လဲဆိုတော့
ငါတို့ မသိကြဘူး
ငါတို့ သိတာကတော့
ငါတို့ ရောက်လာခဲ့ကြပြီ။
ဘောလုံးပွဲမှာ လူလဲကစားသလို
ငါတို့ ရောက်လာခဲ့ကြပြီ။
ပဆစ်ဝိုင်းမှာ
ကြွေပစ်သလို
ငါတို့ ရောက်လာခဲ့ကြပြီ။
ဖြစ်နိုင်သေးတာက
ကြွပျံတက်လာတဲ့ ရဲနေတဲ့
ကရွတ်နဲ့
ပျံလာတဲ့ကျီးကန်း စွပ်မိသလို
ငါတို့ရောက်လာခဲ့ကြပြီ။
(၄)
ကမ္ဘာဟာ အကြိမ်ကြိမ်ပျက်ခဲ့တယ်
မီးကြီးလောင်ခဲ့တယ်
မိုးကြီးရွာခဲ့တယ်
လေကြီးတိုက်ခဲ့တယ်။
ပျက်ရာမှ
ဒီတစ်ခါပြန်အတည်
ဒီကမ္ဘာဆီ
ငါတို့ရောက်လာခဲ့ကြပြီ။
(၅)
ဘုရင်တွေ ဘုရင်တွေ
ကျွန်တွေ ကျွန်တွေ
ပညာရှိတွေ ပညာရှိတွေ
အရူးတွေ အရူးတွေ
အရူးတွေ ဘုရင်တွေ ပညာရှိတွေ
အရူးတွေ အရူးတွေ
ကျွန်တွေ ဘုရင်တွေ။
(၆)
သရဲ ပြိတ္တာ မြေဖုတ်ဘီလူး အကြိမ်ကြိမ်
ငါတို့ဟာ
တိရိ စ္ဆာာန်အကြိမ်ကြိမ်
ငါတို့ဟာ
လူအဖြစ် ဘယ်နှကြိမ်
ငါတို့ဟာ။
(၇)
ဘုရားသာသနာကြုံခဲ့ရ
ငါတို့ဟာ
သိကြားသာသနာကြုံခဲ့ရ
ငါတို့ဟာ။
(၈)
ငါတို့ဟာ
ဘယ်နှကြိမ်မြောက်လဲ။
ဘယ်ဒုက္ခဟာ
ဘယ်လောက်လဲ။
ဘယ်ပူလောင်မှုဟာ
ဘယ်လောက်လဲ။
ဘယ်ရှုံးနိမ့်မှုဟာ
ဘယ်လောက်လဲ။
ဘယ်အနိုင်ရမှုဟာ
ဘယ်လောက်လဲ။
ဘယ်အနိုင်ကျင့်ခံရမှုဟာ
ဘယ်လောက်လဲ။
ဒီပွဲစဉ်ဟာ
အမှတ်ဘယ်လောက်လဲ။
(၉)
ခုတော့ဖြင့် အခန့်သား
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
ပင်လယ်ထက် တအိအိနိမ့်ဆင်းလို့
မြို့တွေဟာ
မီးခိုးတွေ မွှန်လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
မိုးအုံ့လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
နေပူလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
မဆလာနံ့သင်းလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
ယင်တလောင်းလောင်းအုံလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
တောကြောင် လက်ခမောင်းခတ်လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
(၁၀)
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
ညစ်ကြတာ
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
ဓါတ်ပြားနားထောင်တာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
အမူအယာလုပ်ကြတာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
သတ်ကြတာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
လက်ထပ်ကြတာ။
(၁၁)
တချို့က
လယ်လုပ်ကြတယ်။
တချို့က
စက်ရုံမှာလုပ်ကြတယ်။
တချို့က
လူပြက်လုပ်ကြတယ်။
တချို့က
စာရေးကြတယ်။
တချို့က
မေးခွန်းတွေထုတ်တယ်။
တချို့က
မေးခွန်းတွေကို ဖြေတယ်။
တချို့က
ရှင်းတဲ့အလုပ်
လုပ်တယ်။
တချို့က
ရှုပ်တဲ့အလုပ်
လုပ်တယ်။
(၁၂)
ဒါပေမဲ့ လူဆိုတာ
လူဖြစ်လာသမို့
လူဆိုတာ အခွန်ပေးဆောင်ရတယ်။
မြေခွန်
အိမ်ခွန်
မီးခွန်၊ ရေခွန်။
နေလို့
နေတဲ့အခွန် ပေးဆောင်ရတယ်။
ရှင်တော့
ရှင်တဲအခွန် ပေးဆောင်ရတယ်။
ငိုတော့
ငိုတဲ့အခွန်။
ရယ်တော့
ရယ်တဲ့အခွန်။
သေတော့
သေတဲ့အခွန်။
လူဆိုတာ
အခွန်ကျေပွန်ရမှာပေါ့။
လူဆိုတာ ဘာပဲဖြစ်ဖြစ်
အခွန်ကို
ကျေပွန်ခဲ့ပါတယ်။
(၁၃)
ရှေးရှေးတုန်းက လူဟာ
ဂူနဲ့နေခဲ့။
ယဉ်ကျေးတော့ လူဟာ
အိမ်နဲ့နေခဲ့။
ရှေးရှေးတုန်းက လူဟာ
ဒီအတိုင်းနေခဲ့
ယဉ်ကျေးတော့ လူဟာ
အစိုးရနဲ့နေခဲ့။
အလွန်အဆင်ပြေပါတယ်
အလွန်ပြည့်စုံပါတယ်
မီးအစုံ ရေအစုံ အလွန်ပြည့်စုံပါတယ်။
သဘာဝနဲ့ လောကဖြစ်စဉ်တရားရဲ့
အလိုလိုက်ခံရတဲ့
လူသားများ။
(၁၄)
တစ်ခါက သီချင်းဆိုဖူးရဲ့
“မင်းကို ငါချစ်တယ်”
အခုလည်း သီချင်ဆိုနေတယ် အဲဒီသီချင်း
“မင်းကို ငါချစ်တယ်”
အဲဒါကြောင့် ကွန်ပျူတာတွေ အင်တာနက်တွေ
အသက်ထွက်
ပျက်စီးတွန့်လိမ်ကုန်သတဲ့။
အို…အချင်းလူငယ်
သီချင်းဆိုကြ!
နောက်ထပ်
သီချင်းဆိုကြ!
ချစ်ခြင်းက
ဘယ်အရာကို
ပျက်စီးစေတာတဲ့လဲ။
အင်း…အင်တာနက်လည်း
ပျက်စီးခဲ့ပေရဲ့။
(၁၅)
ဘယ်အရာကို ငါတို့အလိုမရှိ
ငါတို့မသိ။
ရည်မှန်းချက်ဆီသွားရင်း
ထွေပြားလာတယ်
များလာတယ်။
မီးကိုမတွေ့သူနဲ့
မီးကိုစတင်တွေ့ရှိသူဟာ
ငါတစ်ယောက်တည်း
ငါပါပဲ။
ငါ့မိတ်ဆွေဟာလည်း
ငါတစ်ယောက်တည်း
ငါပါပဲ။
ရေ မီး မင်း ခိုးသူ
မချစ်မနှစ်သက်သောသူ
ငါတစ်ယောက်တည်း
ငါပါပဲ။
(၁၆)
အလျားတစ်လံ
အနံတစ်ထွာ
လူဆိုတာ ပေါက်စနလေး။
ဒီကဗျာဟာ
ပေါက်စနလေးပေါင်း
သန်းပေါင်းများစွာအကြောင်းပဲ။
(၁၇)
သမိုင်းမှာ
အနုမြူဗုံးနှစ်လုံး ကြဲချခဲ့တယ်။
မြို့ကြီးနှစ်မြို့ဟာ
ပြာပုံနဲ့
အငုတ်သာကျန်ခဲ့တယ်။
(၁၈)
ပင်လယ်အနက်ကြီးထဲ
ရေဆင်းချိုးပြီး ပြန်တက်လာတဲ့ အသစ်လို
လှပသစ်လွင်တဲ့မြို့ကြီးနှစ်မြို့
ပြန်ပေါ်လာတယ်။
ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကြား
ဘာသာစကားနဲ့ မုသားစကားကြား
ငါနဲ့ငါ့မိဘကြား
သူတို့ဝါဒနဲ့ ကျွန်တော်တို့ဝါဒကြား
နေမင်းကြီးနဲ့ မိုးမှောင်ကြား
ကမ္ဘာ ကြီးနဲ့ ကမ္ဘာကြီးကြား
ကမ္ဘာကြီးဟာ
ပြန်စည်ကားလာတယ်
လူသံတွေ
ပြန်စည်ကားလာတယ်။
အချစ်ရေးတွေ
ပြန်အဆင်ပြေလာတယ်။
(၁၉)
ဘာလဲ
ဘာဖြစ်နေတဲ့ ကမ္ဘာကြီးလဲ။
ဆေးမစားမီပုံ ကမ္ဘာကြီးလား
ဆေးစားပြီးပုံကမ္ဘာကြီးလား
ငါတို့နဲ့ ဆိုင်လည်းဆိုင် မဆိုင်လဲမဆိုင်တဲ့
ကမ္ဘာကြီးလား။
(၂၀)
စစ်ကြီးဖြစ်တော့
လူတွေအတိဒုက္ခရောက်ကြတယ်။
စစ်ကြီးပြီးတော့
လူတွေ ပျင်းလာကြတယ်။
စစ်ကြီးဖြစ်တော့
လူတွေ ကြံဖန်အသက်ရှင်ကြတယ်။
စစ်ကြီးပြီးတော့
လူလိမ်တွေ ပေါလာတယ်။
(၂၁)
ဒါပေမဲ့ ငါတို့ဟာ
ကင်မရာရှေ့ဖြတ်လျှောက်မပျက်
ဖြတ်လျှောက်လျက်ပါပဲ
ဖြတ်လျှောက်မြဲပါပဲ။
အဲဒါ
နည်းသလားကွ။
ငါတို့ဟာ စပ်ဖြဲဖြဲနဲ့
ကင်မရာရှေ့ဖြတ်လျှောက်ခဲ့သပေါ့။
(၂၂)
ကိုယ့်လူ
ဘယ့်နှယ့်လဲ။
(၂၃)
ငါက ကားတွေကို
ဆေးရောင်စုံ ပက်ခဲ့တယ်
ငါဟာ
`မိုက်ကယ်ဖေး` ပဲ။
ငါဟာ ဦးနှောက်ရောဂါရနေတဲ့
`အလီ` ပဲ။
(၂၄)
ငါဟာ ဘ၀မှာနေစရာမရှိလို့
သေပစ်ဖို့စဉ်းစားဖူးတယ်။
ဟာသပဲ ငါသေချင်ခဲ့ပုံများ
ဟာသပဲ ငါမသေရဲခဲ့ပုံများ။
(၂၅)
ငါသည် ရွဲကုန်သည်
ငါဟာ ဗင်းနစ်မြို့ကကုန်သည်
ငါဟာ `ထရေဒါဟော်တယ်` မှာတည်းတဲ့
ယခုခေတ် ကုန်သည်အကြီးကြီးပဲ။
ဟေး...ဘ၀မှာ
ဘာတွေ အမြတ်အစွန်းထွက်ခဲ့လဲ
အမြတ်အစွန်းထွက်မှ
ဘ၀မှာနေမှာလား။
(၂၇)
ဘုရားသွားသူသွား
ကျောင်းတက်သူတက်
မိုးပျံပူဖောင်း လွှတ်သူလွှတ်
လမ်းလျှောက်သူလျှောက်
လက်ထပ်လိုသူထပ်
စာရေးသူရေး
ကဗျာစပ်သူစပ်
သီချင်းဆိုသူဆို
စကားစမြည်ပြောသူပြော
ခိုစာကျွေးသူကျွေး
တယ်လီဖုန်းဆက်သူဆက်
ခိုးနမ်းလိုသူနမ်း
နှုတ်ခမ်းဆိုးသူဆိုး
ခေါင်းလျှော်သူလျှော်
လှေကလေးလှော်သူလှော်
အထိမ်းအမှတ်ချီတက်သူချီတက်
ရေခဲမုန့်စားသူစား
ဝိုင်သောက်သူသောက်
ဈေးဝယ်ထွက်သူထွက်
ဟောပြောပွဲနားထောင်သူနားထောင်
ဆိပ်ကမ်းမှာငေးသူငေး
ရွှေငါးမွေးသူမွေး
ခွေးကို သန့်ရှင်းသူသန့်ရှင်း
လူပျိုလှည့်သူလှည့်
ချစ်ရေးဆိုသူဆို
တစ်ကိုယ်တည်းနေသူနေ။
(၂၈)
ငါတို့ဟာ ခဲရာခဲဆစ်
စွမ်းနိုင်ကြပါတယ်။
(၂၉)
ကလေးတွေဆော့သလို
ငါတို့တန်ခိုးရှိကြတယ်။
ဘုရင်အသေတွေ သိမ်းထားဖို့
ပစ်ရမစ်တွေ ဆောက်ခဲ့ကြ။
(၃၀)
ကလေးတွေဆော့သလို
ငါတို့တန်ခိုးရှိကြပါတယ်။
လူတွေ ကျယ်ကျယ်ဝန်းဝန်း နေနိုင်အောင်
အင်္ဂါဂြိဟ်က မြေကွက်တွေ ယူရောင်းခဲ့ကြ။
(၃၂)
ကမ္ဘာရဲ့ ၀ရုန်းသုန်းကားမှုတွေ
ဆက်သွားနေသလို
ကမ္ဘာရဲ့ ငြိမ်သက်မျှော်လင့်မှုတွေ
ဆက်သွားနေတာ
ယုန်နဲ့လိပ် အပြေးပြိုင်သလိုများ
ဖြစ်နေသလား။
ကဲ...ဖြစ်လာပါလိမ့်မယ်
အေးအေးဆေးဆေး ဖြစ်ပေါ်လာပါလိမ့်မယ်။
အေးအေးဆေးဆေးပါပဲ
ငါတို့ဟာ။
(၃၃)
ကမ္ဘာကြီးနဲ့ ဘယ်သူဟာ
စာချုပ်ချုပ်ထားဖူးလို့လဲ။
ကျွန်တော်တို့
ကိုယ့်ဘာသာ
စာချုပ် မိခဲ့ပါတယ်။
(၃၄)
ညဥ့်နက်နက် အရက်ထွေထွေ
ငါဟာ အငှားကားလေးစီးလို့
အဲသလိုရှိပါသေးရဲ့
အထင်မလွဲပါနဲ့ကွာ။
အရက်သောက်ပြီး
ခေတ်ကို လိုက်မြည်းကြည့်နေတာပါ။
(၃၅)
ကောင်းကင်မှာ ဘာမှမမြင်ရ
ခေါင်မိုးအမြင့်တွေမှာ မီးတွေလင်းလို့
ကောင်းကင်မှာ
ဂျွန်ကိတို့၊ မာယာကော့ဖ်စကီးတို့
မောင်လေးအောင်တို့
ဖော်ဝေးတို့၊ မင်းလှညွှန့်ကြူးတို့
မောင်လူမှိန်တို့
ကောင်းကင်မှာရှိပါစ။
ငါတို့က စိတ်လေလေနဲ့
မူးလို့။
ငါတို့ဟာ
ချာချာလည်လို့
ရန်ကုန်မြို့ကြီးဟာ
ချာချာလည်လို့။
(၃၆)
ယောကျာင်္းဘသား ငါတို့များ
တစ်နေကုန် ထောင်ချောက်များ ခုန်ဆွခုန်ဆွခုန်၍်ရှောင်
အောင်မြင်စွာ အိမ်သို့အပြန်
ယောင်္ကျားများ အိမ်သို့ပြန်ကြ။
အိမ်ရောက်ရင်
ကိုယ့်အခန်းဝင်ကိုယ်ဝင်
ကြမ်းပြင်မာမာပေါ်လှဲချ
ဖြေလျော့ကျေနပ်မှုယူရုံပင်။
ဘယ်သူမဆို လူသားများ
ကိုယ့်အိမ်ကိုယ့်ယာ
ကိုယ့်အိမ်ယာဆီကိုယ်ပြန်
အေးအေးသက်သာ
ဖျားနာဖို့ပဲ။
(၃ရ)
မိုးတိမ်တွေ ပင်လယ်တွေ
လှပပါပေရဲ့
ခေတ်တို့လည်းခရီးနှင်မဆုံး
မဆုံးခဲ့ပါ။
(၃၈)
လူသားများ
ရုန်းကန်မှုမှ
အားနာခဲ့ပါရဲ့။
(၃၉)
အရိပ်တွေ ရှည်ထွက်တွန့်လိမ်
ဘုရားဖူးလှည့်လည်လာသူများပမာ
ဒိဌဓမ္မမှအေးရာ
ဒီမှာ ဘယ်တွေ့နိုင်မှာလဲ။
ရွှေတိဂုံစေတီမြတ်ကုန်းတော်မှ အဆင်း
လောကမြေပူကို တန်းနင်းရတာပဲ။
(၄၀)
ငါတို့ခေတ်
လူနေမှုမြင့်မားလာတယ်
အဲဒါကြောင့် ငွေတွေ ဆားငံရေလို
လိုလာတယ်။
ငွေက ပွဲကြမ်းလာတယ်။
ငွေမရလို့
ငါဟာ ငွေမရှိခဲ့။
ငွေရသူများဟာ ငွေရလို့
ငွေရှိခဲ့။
ငွေမရှိသည့်အတွက် ဘာမျှမရှိ
ငွေရှိသည့်အတွက် အကုန်ရှိ
ဘာမျှမရှိသူနဲ့ အကုန်ရှိသူများကြား
သူစိမ်းတစ်ရံဆံနှယ်ပါတကား။
အကုန်ရှိသူများအကြား
ငါဟာ ဘာကောင်ပါလိမ့်။
ငါဟာ ဘာမျှမရှိ ၍
ငါဟာကိုယ်တုံးလုံးကြီးဟေ့။
ဒီအကြောင်းကိုပဲ ငါကဗျာရေးတော့
ငါရေးတဲ့ ဒီကဗျာ
ကောင်းချင်မှ ကောင်းပါလိမ့်
ငါရေးတဲ့ ဒီကဗျာ
ချာတူးလန်ချင်လန်ပါလိမ့်။
ငါကကြိုးစားပမ်းစား
ငါဟာကိုယ်တုံးလုံးကြီးနဲ့ ရေးတာပါ။
နို့၊ ဒီလို ဘ၀ကြီးကိုယ်တုံးလုံး
ဘာကြောင့်ဖက်တွယ် ကုပ်ကပ်နေရတာတုံး
ဒုက္ခဖွယ်ဖွယ်ရာရာ တည်ခင်း....ဧည့်ခံပွဲမှာ
ငါဟာလူရင်းဖြစ်လို့ပါ။
ငါက ပွဲပြီးတဲ့အထိ
ဝတ္တရားရှိနေတယ်။
ဒီလို
ငါ့အရေးပါပုံက။
(၄၁)
ငါ့ဘေးမှာ ခွေခွေကလေး
အ၀တ်စလေးတစ်စလို
ငါ့ဇနီးသည်
သြော်...သူလည်း အသက်အရွယ်ရခဲ့ရှာပြီကိုး။
ဒီပန်းကလေးဟာ
ငါ့လက်ထဲမှာမှ ပွင့်ခဲ့တာပေါ့။
ငါ့လက်ထဲမှာပဲ
ညိုးကြွေတော့မှာလား။
ငါကပဲ
သူ့ရင်ခွင်ထဲ လဲကျသေဆုံးမှာလား။
တစ်ကြိမ်ကဆိုရင်
သူ့ဘေးမှာ သူ့လက်ဖျားကလေး ဆုပ်ဖွပြီး
ငါ ဘုရားစာတွေ ရွတ်ဖတ်ပေးခဲ့ရတယ်။
သြော်...ငါ့ရဲဘော်လေး
ငါ့ချစ်ဇနီးလေး
အချိန်တိုင်းနှင့်အမျှ
ကျော်ဖြတ်နေရပေါ့။
(၄၂)
ဘ၀ဆိုတာ
အပမ်းဖြေခရီးထွက်တာမဟုတ်
မော်တော်ဘုတ်နဲ့
အပျော် ငါးထွက်မျှားတာမဟုတ်
ဘ၀ဆိုတာ
ငါတို့တွေ ကျောက်ခေတ်ကလို
တင်းပုတ်ကြီးတွေ ကိုင်ထမ်း မထားတာပဲရှိတယ်
ငါတို့တွေ
သားစိမ်းငါးစိမ်း မစားတာပဲရှိတယ်
ဘ၀ဆိုတာ
အဲသလိုပါကွာ
နိုင်းမြစ်မှာ စုန်ဆန်နေတာကတော့
သူတို့ကုသိုလ်ပေါ့ကွာ။
(၄၃)
ဒါထက်
ပျော်ပွဲစားထွက်တယ်ဆိုတာ
ပျော်လို့လား
စိတ်ညစ်လို့လား။
(၄၄)
ရောက်ပြီလေ
မိုးရာသီရောက်ပြီ
မိုးရာသီမှာ နားကြတယ်။
ပြီးတော့
အားမွေးကြတယ်။
နွေရောက်တော့
ပြန်စကြပေါ့။
ခြေခင်းလက်ခင်းသာပြီလေ
ကုန်းခြောက်ပြီလေ။
(၄၅)
ဗွက်အိုင်တွေ
မြေဖို့ကြ
မြောင်းဖောက်ကြ။
ချုံနွယ်ပိတ်ပေါင်း
ရှင်းကြ။
ခြံစည်းရိုးအသစ်
ကာကြ
ဆေးသုတ်ကြ။
လင်းအောင်
မီးထွန်းကြ။
(၄၆)
ဘ၀တွေ
ပြန်စလို့ရပြီ
ပြန်စကြ။
ရုပ်ရှင်တွေ
ပြန်ပြလို့ရပြီ
ပြန်ပြကြ။
ပြဇာတ်တွေ
ပြန်ကလို့ရပြီ
ပြန်ကကြ။
(၄၇)
ကမ္ဘာကြီးဟာ မပျက် မပြီးနိုင်
ပျက်ပြီးရင်တောင်မှ ပြန်လာမယ်။
၆၄ ကြိမ်
၆၄ ကပ်
ကမ္ဘာဟာ ပျက်ပြီးရင်တောင်မှ
ပြန်လာမယ်။
နေကြောင့် လည်းကောင်း
ရေကြောင့် လည်းကောင်း
လေကြောင့် လည်းကောင်း
ပျက်ပြီးလည်း
ကမ္ဘာဟာပြန်လာမယ်။
(၄ဂ)
ဘာမှမဖြစ်ဘူး ကမ္ဘာဟာ
ပြန်လာမယ်။
အမှားတွေ မကုန်နိုင်ဘူး ကမ္ဘာဟာ
ပြန်လာမယ်။
(၄၉)
အဲဒီကမ္ဘာမှာ
ငါပြန်လာခွင့်ရမလား
မသေချာဘူး။
အသေအချာ
ကမ္ဘာကြီးပြန်လာမယ်
ငါတို့ပါမပါ မသိ
ငါတို့ ပြန်လာမလာမသိ။
ပြန်လာရင်တောင်မှ
ဘယ်သူဘယ်ဝါ
ငါတို့မှတ်မိမှာ မဟုတ်တော့။
ငါတို့ ပြန်မလာနိုင်ခဲ့ရင်လည်း
ကမ္ဘာကြီးဟာ လွမ်းမောဖွယ်
ငါတို့ဟာ
ကမ္ဘာကြီးကို လွမ်းမောနေမယ်။
(၅၀)
တစ်ချိန်မှာ ငါတို့ညံ့ဖျင်းပုံကို စကားစပ်မိတဲ့အခါ
ခွင့်လွတ်ပါဘိ။
ငါတို့ရဲ့ သံသေး သံကြောင် သံပျက်
ကာရံပျက်
စံနှုန်းပျက်ကဗျာကို
ခွင့်လွတ်ပါဘိ။
(၅၁)
အနိုင်နိုင်ငံက သမ္မတများ
ဝန်ကြီးချုပ်များ
ရော့ခ် အဆိုတော်များ
ရုပ်ရှင် ကြယ်ပွင့်များ
ငါတို့လိုပဲ
ဆံပင်ဖြူကိုယ်စီနဲ့
မျက်မှန်ကိုယ်စီနဲ့။
(၅၂)
ငါတို့ကား ဗုဒ္ဓတရားရိပ်၌
နေချိုခဲ့ပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိပါ ဘုရား။
ဓမ္မံ သရဏံ ဂစ္ဆာမိပါ ဘုရား။
သံဃံ သရဏံ ဂစ္ဆာမိပါ ဘုရား။
(၅၃)
ဆံပင်ဖြူကြီးဆေးမဆိုးဘဲ
ငါတို့ အသက်ကြီးမယ်။
(၅၄)
ငါဟာ အင်္ကျီလည်ပင်းပေါက်နဲ့
လည်ပင်းကို အမြဲလွဲလို့။
အဲဒီ လွဲနေတဲ့လည်ပင်းပေါက်ကနေ
ပိန်ချိုင့်နေတဲ့ ငါ့မျက်နှာဟာ
ပန်းစိုက်အိုးထဲက ပန်းတစ်ပွင့်လို
ပွင့်လို့။
အဲဒါ
ငါပေါ့၊ ငါလေ
ငါဟာ ပန်းလိုပွင့်နေရဲ့။
အောင်ချိမ့်
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာမှာ စုဝေးကြ
ငါ့မြေးရေ…။
လွန်ခဲ့တဲ့တပါတ်က ငါ့မြေးဆီကို ဘဘ စာတစေါင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့ တောင်းဆိုချက်အရ ‘ ကဗျာတပုဒ် ’ အကြောင်း ဘဘ စာရေးပြီးပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတပုဒ်အကြောင်းထပ်ပြီး ပြောပြချင် သေးတယ်။ ကဗျာအကြောင်း ကြားချင်သိချင်ပါတယ်ဆိုတဲ့ ငါ့မြေးရဲ့ ဆန္ဒပြည့်ဝနိုင်မယ်လို့ တော့ ဘဘမျှော်လင့်ပါတယ်။
ငါ့မြေးရေ…။
ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့ နွယ်နေတဲ့ အကြောင်းအရာတချို့ကိုတော့ နိဒါန်းပျိုးတဲ့ အနေနဲ့  ဘဘ ကြိုပြီးပြောပြချင်သေးတယ်။
ငါ့မြေးတို့ ဘဘတို့ ရဲ့  ပုဂ္ဂလဘ၀မှာ၊ ထူးခြားတဲ့ “ နေ့  ” တွေရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်း က မူလတန်းကျောင်းကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့ လိုနေ့ မျိုးပေါ့။ အဲဒီနေ့က ဘဘတို့ နေတဲ့ စလင်းမြို့ လေးမှာ မိုးရိပ်မိုးယေါင် အုံ့ အုံ့ ပြပြလေး ဖြစ်နေခဲ့တယ်လေ။ ဘဘဟာ စာအုပ်တချို့ ထည့်ထားတဲ့လွယ်အိပ်ကိုလွယ်ပြီး ဘဘအဖေရဲ့ နောက်က လမ်းလျှောက်ပြီးလိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတလုံးဘေးက ဆရာ တယောက်ဆီကို လမ်းလျှောက်သွားနေတဲ့အချိန်၊ ကျောင်းသားတချို့ က ဘဘတို့ ကိုလှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့  ညာဖက်လက်ဟာ လွယ်အိပ်ထဲကို နှိုက်ထားတယ်။ အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ ပိုင်းလော့ ” ဖေါင်တိန်ကလေးတချောင်းကို ကြစ်ကြစ်ပါအောင်ဆုပ်ထားခဲ့တာပေါ့။ ဒီဖေါင်တိန်လေးဟာ ၊ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကို ပြောင်းရတော့မယ့် ဘဘအတွက်၊ ဘဘရဲ့ အဖေက ၀ယ်ပေးခဲ့တဲ့ဖေါင်တိန် ကလေးပေါ့။ ငါ့မြေးရေ…။ အဲဒီနေ့ ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ အဲဒီနေ့ ဟာ တကယ့်ကို အရေးပါ တဲ့နေ့  ။ ဘဘရဲ့ ခလေးဘ၀ ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်းလိုက်တဲ့နေ့ အဖြစ် ဘဘ ဘယ်တော့မှ မေ့လို့  မရတဲ့နေ့ တနေ့ ဖြစ်ခဲ့တာပေါ့။
ဒီတခါ ဘဘရဲ့ စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ ခေါင်းစဉ်ကလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” တဲ့။ ဒီကဗျာလေးရဲ့ ခေါင်စဉ် ကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ပထမဦးဆုံး ပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ ပုဂ္ဂလဘ၀ထဲက၊ နေ့ တချို့ ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။
ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းစတက်တဲ့နေ့ လို ထူးခြားတဲ့ ဘ၀သစ်တခုအစပြုတဲ့နေ့  တွေရှိခဲ့တာပဲ။ ဒီလို ဘ၀သစ်တခု အစပြုတဲ့နေ့ မျိုးဆိုတာ ဘဘမှာရယ်လို့ မဟုတ်ပါဘူး၊ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ရဲ့ ဘ၀သစ်စတင်တဲ့နေ့ ။ တခါ လူမျိုးတမျို့းနိုင်ငံတခုရဲ့  သမိုင်းသစ် စတင်တဲ့နေတွေကော...၊ မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲ နေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန္န၀ါရီလ (၄) ရက် နေ့ ဟာ၊ ဘဘတို့  နိုင်ငံတပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့လူမျိုးအနေ့ နဲ့ သမိုင်းသစ်စတင်တဲ့နေ့  မဟုတ်ပေဘူးလား ။ ဒီလိုနေ့ မျိုးဟာ ဘဘတို့ နိုင်ငံ၊ ဘဘတို့ လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့ မရတဲ့၊ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တခု အစပြုတဲ့နေ့  ပေပဲပေါ့။ ကဲပါလေ…။ ကဗျာလေးကိုမပြောခင်…၊ ဘဘလည်း နိဒါန်းစကားတွေ တော်တော်ပြောလိုက်မိတယ်။ ကဲ-- ကဗျာလေးဆီ စပြီး သွားလိုက်ကြရအောင်…။
ဒီနေ့ ဟာ အစဖြစ်တယ်
ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။
နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။
သစ်ပင်တွေဟာ
ရေစိုလို့ သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့။
ငါ့မြေးရေ…။
“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆)ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စပြော လိုက်တာပါ။ ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့ အချက် (၂)ချက်ရှိတယ်။ ‘ ကနေတဲ့ ဒေါင်းပျိုတွေ ’ ဆိုတဲ့ စကားစုနဲ့ ၊ “ ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့ ” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထေါပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ ကနေတဲ့ ဒေါင်းပျိုတွေ ” တဲ့။ “ အမွေးအတောင်တွေချပြီး ငိုင်နေတဲ့ ဒေါင်းအိုတွေ ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့  ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့  တယေါက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ-ဆက်ပြီးသွားကြရအောင်…။
ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။
လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။
ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။
သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။
မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။
လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။
ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာ တွေ့ ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့ မျက်နှာထား ။ တချိန်လုံးတိတ်ဆိတ်နေခဲ့ရတဲ့ တမြို့ လုံးက ခေါင်းလောင်းတွေက အသံတွေတပြိုင်နက်ထဲ ပြန်ထွက် ပြန်မြည်လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့ နဲ့ ပါတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတခုအကြောင်း ကြားညှပ်ပြီဲး ပြော ချင်သေးတယ်။ ဇာတ်ကားရဲ့ နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့ ။ ဒီဇာတ်ကားထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမတကြီးရဲ့  ဇနီးဟာ နာမကျန်းဖြစ်လို့  သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့ မြို့ တော် “ ဗျူနိုးဟေရီးစ် ” တမြို့ လုံးမှာရှိတဲ့ မြို့ သူမြို့ သားတွေဟာ၊ သူတို့ ချစ်ခင်လေးစားရတဲ့ သမ္မတကတော်ရဲ့  နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စေါင့်ပြီး နား ထောင်နေကြတဲ့ အချိန်၊ မြို့ ကြီးတမြို့ လုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်၊ သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ ဗျူနိုးအေရီးစ် ” တမြို့ လုံးမှာရှိတဲ့ ဘုရားကျောင်းခေါင်းလောင်းတွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့  တပြိုင်နက် ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး ။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ ဒါပေမယ့်၊ ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင် မှုအတွက်၊ အောင်ပွဲခံမှုရဲ့  သင်္ကေတအဖြစ်၊ သမိုင်းသစ်တခု အစပြုတဲ့နေ့ ကို အသိအမှတ်ပြု ၊ ဂုဏ်တင်တဲ့သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ- နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။
ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။
ဒီကဗျာတပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘ နေ့  ’ ကို ဂုဏ်တင်တဲ့နေ့  မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့ ” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖေါ် ပြတာပဲ ဖြစ်တယ်။
ဘဘတို့ မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့ မူလတန်းအောင်လို့  အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့  စာကို တခြားသူ တွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနေက်ဆုံးနှစ်၊ စတုတ္ထတန်းမှာ ဘဘဟာ နေ့ မအိပ်ညမအိပ် စာကျက်ခဲ့ရလို့  ကျန်းမာရေးတောင်မှ ချို့ တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး
အလယ်တန်းကျောင်းသားဘ၀ကို အစပြုတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက်၊ ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “ နေ့ ” ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ…၊ ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ …ငါ့မြေး ။
ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။
ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။
အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစက ပြန်စမယ့် “ နေ့ ” ရဲ့ “ လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖေါ်ပြသွားခဲ့တာ ငါ့မြေးတွေ့ဲရလိမ့်မယ်။ ဒါပေမယ့် “ ဒဿန ” အားဖြင့် သာမာန်ထက် အများကြီး ပိုပြီး နက်နက်တူးမှ ဖေါ်ယူလို့ ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။
ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး ။ ဘဘရဲ့ အရည်အချင်းလောက်နဲ့ လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တဆုံး နှိုက်ယူမှ ရမယ့် ကဗျာ့ပရိယါယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့ လက်တံ ကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လ
ို့  ယူဆရတဲ့စကား တချို့  ကိုတော့ ဘဘ ဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ ရဲ့  ဒီမိုကရေစီခေါင်းဆောင် “ ဒေါ်အောင်ဆန်းစုကြည် ” က ပြောဖူးတယ် ငါ့မြေး ။ သူပြောတဲ့စကားကို တလုံး မကျန် ခရေစေ့တွင်းကျတော့ ဘဘ မမှတ်မိပေမယ့်၊ ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတော့ “တိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့၊ ပြီးတော့ သူတို့ က တိုင်းပြည်ကောင်းစားတိုး တက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါ စေသား…” တဲ့။
ဒီနေ့ ဟာ အစဖြစ်တယ်
ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။
နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။
သစ်ပင်တွေဟာ
ရေစိုလို့ သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့။
ငါ့မြေးရေ…။
“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆)ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စပြော လိုက်တာပါ။ ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့ အချက် (၂)ချက်ရှိတယ်။ ‘ ကနေတဲ့ ဒေါင်းပျိုတွေ ’ ဆိုတဲ့ စကားစုနဲ့ ၊ “ ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့ ” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထေါပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ ကနေတဲ့ ဒေါင်းပျိုတွေ ” တဲ့။ “ အမွေးအတောင်တွေချပြီး ငိုင်နေတဲ့ ဒေါင်းအိုတွေ ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့  ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့  တယေါက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ-ဆက်ပြီးသွားကြရအောင်…။
ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။
လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။
ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။
သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။
မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။
လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။
ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာ တွေ့ ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့ မျက်နှာထား ။ တချိန်လုံးတိတ်ဆိတ်နေခဲ့ရတဲ့ တမြို့ လုံးက ခေါင်းလောင်းတွေက အသံတွေတပြိုင်နက်ထဲ ပြန်ထွက် ပြန်မြည်လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့ နဲ့ ပါတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတခုအကြောင်း ကြားညှပ်ပြီဲး ပြော ချင်သေးတယ်။ ဇာတ်ကားရဲ့ နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့ ။ ဒီဇာတ်ကားထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမတကြီးရဲ့  ဇနီးဟာ နာမကျန်းဖြစ်လို့  သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့ မြို့ တော် “ ဗျူနိုးဟေရီးစ် ” တမြို့ လုံးမှာရှိတဲ့ မြို့ သူမြို့ သားတွေဟာ၊ သူတို့ ချစ်ခင်လေးစားရတဲ့ သမ္မတကတော်ရဲ့  နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စေါင့်ပြီး နား ထောင်နေကြတဲ့ အချိန်၊ မြို့ ကြီးတမြို့ လုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်၊ သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ ဗျူနိုးအေရီးစ် ” တမြို့ လုံးမှာရှိတဲ့ ဘုရားကျောင်းခေါင်းလောင်းတွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့  တပြိုင်နက် ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး ။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ ဒါပေမယ့်၊ ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင် မှုအတွက်၊ အောင်ပွဲခံမှုရဲ့  သင်္ကေတအဖြစ်၊ သမိုင်းသစ်တခု အစပြုတဲ့နေ့ ကို အသိအမှတ်ပြု ၊ ဂုဏ်တင်တဲ့သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ- နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။
ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။
ဒီကဗျာတပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘ နေ့  ’ ကို ဂုဏ်တင်တဲ့နေ့  မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့ ” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖေါ် ပြတာပဲ ဖြစ်တယ်။
ဘဘတို့ မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့ မူလတန်းအောင်လို့  အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့  စာကို တခြားသူ တွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနေက်ဆုံးနှစ်၊ စတုတ္ထတန်းမှာ ဘဘဟာ နေ့ မအိပ်ညမအိပ် စာကျက်ခဲ့ရလို့  ကျန်းမာရေးတောင်မှ ချို့ တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး
အလယ်တန်းကျောင်းသားဘ၀ကို အစပြုတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက်၊ ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “ နေ့ ” ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ…၊ ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ …ငါ့မြေး ။
ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။
ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။
အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစက ပြန်စမယ့် “ နေ့ ” ရဲ့ “ လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖေါ်ပြသွားခဲ့တာ ငါ့မြေးတွေ့ဲရလိမ့်မယ်။ ဒါပေမယ့် “ ဒဿန ” အားဖြင့် သာမာန်ထက် အများကြီး ပိုပြီး နက်နက်တူးမှ ဖေါ်ယူလို့ ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။
ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး ။ ဘဘရဲ့ အရည်အချင်းလောက်နဲ့ လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တဆုံး နှိုက်ယူမှ ရမယ့် ကဗျာ့ပရိယါယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့ လက်တံ ကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လ
ို့  ယူဆရတဲ့စကား တချို့  ကိုတော့ ဘဘ ဖြည့်ပြောလိုက်ဦးမယ်။ဘဘတို့ ရဲ့  ဒီမိုကရေစီခေါင်းဆောင် “ ဒေါ်အောင်ဆန်းစုကြည် ” က ပြောဖူးတယ် ငါ့မြေး ။ သူပြောတဲ့စကားကို တလုံး မကျန် ခရေစေ့တွင်းကျတော့ ဘဘ မမှတ်မိပေမယ့်၊ ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတော့ “တိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့၊ ပြီးတော့ သူတို့ က တိုင်းပြည်ကောင်းစားတိုး တက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါ စေသား…” တဲ့။
ငါ့မြေးရေ…။
အဲဒီစာသား ၊ အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက၊ ဘဘဖြင့်တကိုယ်လုံး ကြက်သီးမွေးညှင်းတွေထပြီး ကျေနပ်အားရဖြစ်လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “ မွန်မြတ်ကြီးကျယ်တဲ့ မေတ္တာတရား ” ကို အခြေခံတဲ့ “ စကား ” တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “ မေတ္တာအောင်မြင်တဲ့နေ့ ၊ မေတ္တာစတင်တဲ့နေ့  ” ဆိုတဲ့ စာသားထဲက “ မေတ္တာ” ဆိုတဲ့ “ အဲသလို မေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ ၊ “ ဒေါ်အောင်ဆန်းစုကြည် ” ပြောဖူးတဲ့ စကားတခွန်း။ “ ဒိုင်ယာလော့ လုပ်ရင် ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှ မရှုံးဘူး ” တဲ့။ ဒါလည်း ကဗျာထဲက “ဒီနေ့ ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ” ဆိုတဲ့စာသားနဲ့  တထပ်ထဲ ကျမနေပေဘူးလား။
ငါ့မြေးရေ…။ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ--- နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။
ကိုင်း…။ ကဗျာဆရာကတော့ ၊ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။ တကယ် တော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “ လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာကို စုဝေး ရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလဲပါဝင်ရမယ်တဲ့။ သူဟာ အဲသလိုနေ့ ၊ အဲဒီနေရာကို သမိုင်းဝင်ဓါတ်ပုံထဲက မျက်နှာမျိုးနဲ့  တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ၊ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ “ နေ့  ” အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲ ဆိုတာကို ထည့်ပြောသွားတဲ့ သဘောပါပဲ။
ကဲ…။ ဘဘရဲ့ စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ် အစပြုတဲ့နေ့ ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့ တွေကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသင့်တယ်လို့  ဘဘအကြံပြုလိုက်ပါတယ်။ ။
ကိုးကား။ ။ မောင်တင်သစ်ရဲ့ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇
(ဆရာငြိမ်းဝေ ဘလော့မှ ထပ်ဆင့်ဖော်ပြလိုက်တာပါ)
ငါ့မြေးရေ…။ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ--- နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။
ကိုင်း…။ ကဗျာဆရာကတော့ ၊ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။ တကယ် တော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “ လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာကို စုဝေး ရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလဲပါဝင်ရမယ်တဲ့။ သူဟာ အဲသလိုနေ့ ၊ အဲဒီနေရာကို သမိုင်းဝင်ဓါတ်ပုံထဲက မျက်နှာမျိုးနဲ့  တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ၊ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ “ နေ့  ” အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲ ဆိုတာကို ထည့်ပြောသွားတဲ့ သဘောပါပဲ။
ကဲ…။ ဘဘရဲ့ စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ် အစပြုတဲ့နေ့ ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့ တွေကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသင့်တယ်လို့  ဘဘအကြံပြုလိုက်ပါတယ်။ ။
ကိုးကား။ ။ မောင်တင်သစ်ရဲ့ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇
(ဆရာငြိမ်းဝေ ဘလော့မှ ထပ်ဆင့်ဖော်ပြလိုက်တာပါ)
Labels:
ကဗျာခံစားမှုဆောင်းပါး
စစ်အတွင်းကကွဲကွာသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတစ်တွေပြန်တွေ့တဲ့နေ့
.
မောင်ချောနွယ်ဟုခေါ်သည်
သူကျုံးထဲကတက်လာသည်
သူ့မှာအနုပညာ အင်္ကျီပါပါသည်။
မောင်ချောနွယ်ဟုခေါ်သည်
သူသံမဏိလမ်းက လာသည်
သူ့မှာအနုပညာ အင်္ကျီပါပါသည်။
*
ဤကမ္ဘာမြေ၌ ကျွန်ုပ်ထွန်ယက်သမျှသည်
အသက်ဓာတ်သားဖြစ်ပါ၏။ ကဗျာဖြင့်စပ်ယှက်ခဲ့သော
ကျွန်ုပ်၏ နေ့ပေါင်းများစွာ ညပေါင်းများစွာအား
ကဗျာဖြင့်သူကောင်းပြုပါ၏။
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းဆိုခဲ့တယ်။
(၁)
“ကဲ အခုကစပြီး တစ္ဆေကဖီးကိုဖွင့်မယ်”
ရဲဘော်သူငယ်ချင်းတို့
“ငါတို့ဟာ စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတတွေဖြစ်ကြရဲ့”
ငါတို့တွေ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြရဲ့
ရှိစေတော့
သူရဲကောင်းမှတ်တမ်းမ၀င်ဘူး
ရှိစေတော့
ငါတို့ဟာ သူရသတ္တိရှိလို့ ကဗျာဆရာဖြစ်ခဲ့ကြတယ်
ကဗျာဆရာဆိုတာ
အဂတိမလိုက်စားဘူး
ဟော ကြည့်ပါလား
ကဗျာဆရာ အနန္တသူရိယအမတ်ဟာ
ကဗျာတစ်ပုဒ်နဲ့ ကြိုးစင်တက်ခဲ့တာ
မလှဘူးလား
လွှတ်လှ။
သေခြင်းတရားဆိုတာ
စောစောက လပ်ကီး လူစီယာနိုရယ်
ဘီယာဘူးတွေနဲ့ ပစ်ပေါက်လိုက်တော့
ဖန်တွေ မှန်တွေ ကွဲကျသွားကြတယ်မဟုတ်လား
လွှတ်လှတယ်။
သေချင်းတရားဆိုတာ
ရဲဘော်တို့ ရဲရဲမှတ်ထားကြ
စားပွဲပေါ်က ဖန်ခွက်တစ်လုံး
သမံတလင်းပေါ် ကျကွဲသလောက်ပဲ ရှိတယ်
လွှတ်လှ။
ငါတို့ရဲ့ ကဗျာဆရာ မောင်ချောနွယ် ပြောတာကတော့
သေခြင်းတရားဆိုတာ
လေယာဉ်ပျံတစ်စီးပေါ်ကနေ
လေယာဉ်ပျံတစ်စီး ပြောင်းစီးသလောက်ပါပဲကွာတဲ့
လွှတ်လှ။
ကဲ….နောက်ဘ၀မှာ နောက်ဘ၀ကူးရင်
နောက်ဘ၀ရောက်ရင်လည်း
ကဗျာဆရာဖြစ်ဦးမှာသေချာတဲ့
ငါတို့ရဲ့ သစ္စာတိုင်တရားရှိတယ်
ငါတို့ဟာ
လူတစ်သိန်း တစ်သန်းမှာမှ
ကဗျာဆရာတစ်ယောက်ဖြစ်တယ်ဆိုတဲ့
၂၁ ရာစု သီအိုရီရှိတယ်
ဟုတ်တယ်….ဟုတ်….
ဟုတ် ၁၀ ကြိမ်အော်ဟစ်ကြရဲ့
ကဲ…ခု အခမ်းအနာသစ်တစ်ခု မကျင်းပခင်
ငါတို့သူရဲကောင်းတွေကို
အရင်ဆုံးအလေးပြုကြရအောင်
ကဲ အားလုံးငြိမ်သက်ပါ
၁၅ မိနစ်ငြိမ်သက်ပေးပါ။
(၂)
(၁၅ မိနစ်ဆိုတာ ငါတို့ရဲ့နောက် ၁၅ဘ၀ကိုဆိုလိုတယ်)
နောက်၁၅ဘ၀ ကဗျာဆရာပေါ့။
ဟုတ်တယ် နောက်၁၅ ဘ၀ထိ
ငါတို့ဟာ ကဗျာဆရာပဲဖြစ်ရမယ်
ပထမဦးဆုံး ငါတို့ရဲ့ ကဗျာဆရာဖော်ဝေး
သူ့ကိုအလေးပြုကြ
၁၅ မိနစ်ငြိမ်
ဒုတိယမြေချစ်သူကို
သူ့ကိုအလေးပြုကြ
တတိယစစ်တွေနောင်လတ်
၁၅ မိနစ်ငြိမ်
စတုတ္ထ…မောင်စိမ်းခေါင်
ကဲ...ရိုးပြတ်တောမောင်အောင်ခက် ၁၅ မိနစ်ငြိမ်
ကဲ…အားလုံးသက်သာနိုင်ပြီ။
ခုချိန်ကစပြီး တစ္ဆေကဖီးကို ဖွင့်လှစ်လိုက်ပါပြီ
ကြိုက်သလိုနေနိုင်ပါတယ်
ကြိုက်သလိုပေါ့။
ရှေးဦစွာ“ရော်ဘင်ဟု”က သရဲမျက်နှာဖုံးကို စွပ်လိုက်တယ်
အားလုံးမျက်နှာဖုံးတွေ စွပ်လိုက်ကြရဲ့ 
အားလုံးတစ္ဆေတွေ၊ သူရဲတွေ၊ ဘီလူးတွေ၊ဖုတ် ပြိတ္တာတွေ
မှင်စာတွေဖြစ်သွားကြရဲ့။
အဲဒီခဏမှာပဲ
ဟောခန်းကြီးတစ်ခန်းလုံး မီးခိုးတွေ လှိုင်အူလာရဲ့
အားလုံးစီးကရက်တွေသောက်ကြ
ဘီယာတွေ၊ ၀ိုင်တွေ၊ ၀ီစကီတွေ သောက်ကြနဲ့
စကားတွေတဖြောင်းဖြောင်းထအောင် ပြောကြတော့ရဲ့
အားလုံးမီးတွေ မှိတ်လိုက်ကြ
အားလုံးကကြမယ်
အားလုံး အားလုံး
စိတ်လွတ်လပ် ကိုယ်လွတ်လပ်
ထောင့်မီး မီးလေးတွေလင်းလာ
အစိမ်း အနီ အပြာ အ၀ါ
ဟေ့…အသံတစ်သံပေါ်လာ
လူ့ဘ၀ဆိုတာ လေထဲက ဖယောင်းတိုင်မီးလေးပါ
အားလုံး Candle In The Wind ပဲ
ဒါပဲ… ဒါပဲ…ဒါပဲ…
အားလုံး ဖယောင်းတိုင်မီးတွေ ထွန်းညှိကြ
သီခင်းဆိုကြမယ်(သံပြီုင်)။
(၃)
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတွေ ပြန်တွေ့တဲ့နေ့
ဟေ့…စစ်သီချင်းတွေဆိုကြ
ချီတက်ကြမယ်…ကမ္ဘာသစ်ဆီ
ဟော…
သစ်ကုလားအုပ်ဟီသံတွေ မြင်းဟီသံတွေ
မော်တော်ကားသံတွေ ရဟတ်ယာဉ်သံတွေ…
ကဗျာဆရာတွေလာကြပြီဟေ့
အသံတွေကြားနေရပြီ
ခြင်္သေ့ဟောက်သံတွေ ကျားဟိန်းသံတွေ ဆင်နှာမှုတ်သံတွေ
ကလဲနက်မှုတ်သံတွေဝေဆာလို့
ငါတို့ ကဗျာဆရာတွေလာကုန်ကြပြီဟေ့
ကြိုဆိုလိုက်ကြရအောင်
ဟော…ကြည်ဝင်းတော၊ မိုဃ်းဇော်၊ ငွေယံဦး၏မိုးဝေးကိုရွေး၊ ၀င်းမြင့်၊ ခက်ထန်ပိုင်စိုး၊
ဇော်ဝင်းတင့်၊ကမ္ဘာပု
စတီးလ် အစရှိသော
လူငယ်ကဗျာဆရာတွေ တစ်ပြုံတစ်မကြီးဟာ
ဟောခန်းတွင်း ၀င်ရောက်လာကြ
တွေ့ဆုံသည်နှင့်တစ်ပြိုင်နက်
ဟေး…ဟေး…ဟေး…အသံတွေ
ဆူညံစွာ တစ်ပြိုင်နက်တည်း ထွက်လာကြရဲ့
အုတ်အောင်သောင်းတင်းပါပဲ
ကဗြုန်းကရုန်းပါပဲ
ဟော…အော်ကြပြန်ပြီ
ဟေ့ မက်ဆိုပိုတေးနီးယားကလာတာ
ဟေ့ ငါလည်းမက်ဆိုကပဲ
ဟိုမှာမင်းနဲ့ငါမတွေ့တာတစ်ခုပဲ
ဟေ့ ငါလည်း မက်ဆိုပိုတေးနီးယားစစ်မြေပြင်မှာ
ကျခဲ့တာပဲကွ
အဲဒီမှာ လူဖြစ်ခဲ့တာပဲ
ခုသေပြီး လုလူဝင်စာပြန်ဖြစ်တာ
တန်ပါတယ်
အရာရာဖြစ်ပျက်နေတာ တန်ပါတယ်ကွာ
ဟေ့ ငါက ဟိုနိုလူလူကလာတာ
ငါနဲ့အတူတူပေါ့ကွာ
ဟေ့ ငါလည်းပါတယ်ကွ
ဟေး… ဟေး…ဟေးဟေး…
တွေကုန်ကြပြီကွာ။
(၄)
ဟေ့ ငါက အီတလီကလာတာ
အီတလီစပျစ်ခြံကလာတာ
စပျစ်ဝိုင်တွေပါတယ်
ရဲဘော်တွေအားလုံးအတွက်ပဲ
တို့တွေအားလုံးက စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချငးညီအစ်ကိုတွေ
တစ်ယောက်နဲ့တစ်ယောက်ပစ်ချလို့မရဘူး
ပြောပြရရင်လည်း လွမ်းစရာကြီးကွာ
ဟား…. ဟား…. ဟား…. ဟားဟား
ကဲ လုတွေ့ပြီပဲ
ဘာလုပ်ကြမလဲ
ငါသိတာကတော့
လောကကြီးမှာ အရက်ကလွဲပြီး
ဘာမှပျော်စရာကောင်းတာမရှိဘူး
ဟေ့ သောက်ပစ်ကြ သောက်ပစ်ကြ
ဟေ့ကောင်တွေ ငါက ဟော်လန်ကလာတာ
ငါ့မှာနို့ဆီတွေပါတယ် သောက်ကြ
ငါတို့တွေနို့ငတ်ခဲ့ကြတယ် မဟုတ်လား
ဖောက်သာသောက်ကြ
ရောက်ချင်ရာရောက်ကြပစေ
တို့တွေနေပူခဲ့တယ်
ဒါကြောင့်ပဲ တို့တွေနေမပူဘူးပေါ့
ဟေ့ ငါက ဒါင်္ဂျီလင်က လာတာ
ဟေ့ ငါက ပန်ဂျပ်က လာတာ။
(၅)
ဘာလဲ ဘ၀ဆိုတာ ဘာလဲ
စူးစမ်းနေစရာမလိုဘူး
ငါဟာ စပျစ်ခြံအလုပ်သမားလေး
ဒါ ၀မ်းနည်းစရာလား
ငါ…ချစ်သူနဲ့တွေ့ချင်တဲ့အခါ
ငါတွေ့ရတယ်
ငါပျော်ချင်ရင်ပျော်ရတယ်
ငါကနေပျော် သေပျော်သမားပဲ
စစ်အတွင်းက သူငယ်ချင်းတွေ
ပေါင်မုန့်လေးတစ်ယောက်တစ်ဝက်
သေမင်းကျည်ဆံတွေ တဖျောက်ဖျောက်အောက်မှာ
တို့တွေ လျှောက်ခဲ့တာ
ဘာဖြစ်လာလဲ
ဘာမှ မထူဆန်းဘူး
နေကြသေကြပါပဲကွာ
တို့တွေ...ပြန်မဆုံဖြစ်ကြဘူးထင်တာ
ခုပြန်ဆုံကြတယ်
ဒါကောင်းတယ်
ဒါ အကောင်ဆုံးဆုလာဘ်ပဲ
ဒါကောင်းတယ်
အေး…ကောင်းတယ်
ဒါပေမဲ့ ငါတို့လည်းပြောပါရစေဦး၏ငါက ကွင်းစလန်မှာနွားခြံပိုင်ရှင်
ငါက သြစတြေးလျ ကမ်းခြေတစ်နေရာမှာ ကျခဲ့တာ
အဲဒီမှာလူသွားဖြစ်
နွားတွေမွေး
နို့စားနွားတွေပေါ့
ငါ့မှာ
နွားနို့တွေပါတယ်
အားလုံးသောက်ပစ်ကြ
ဒါဟာနတ်ဆိုးရဲ့ဝိုင်ပဲ
နွာနို့ဟာ နတ်ဆိုးရဲ့ဝိုင်ပဲ
နတ်ဆိုးရဲ့ဝိုင်တွေကိုငါတို့ပဲသောက်ကြရဲ့။
(၆)
သောက်နိုင်ကြတာ
ကဗျာဆရာဆိုတာ
နတ်ဆိုးဝိုင်တွေ သောက်တဲ့သူတွေ
အထက်တန်းစားတွေ
ဒုက္ခနဲ့ ဒဏ်ရာတွေဟာ
ငါတို့ရဲ့ရှုမျှော်ခင်းတွေပဲကွ
ငါတို့တွေ အလှကြည့်နေကျတွေပဲ
ဟုတ်တယ်မဟုတ်လား
ဟုတ်တယ်…ဟုတ်တယ်
ဟုတ်တယ်…ဟုတ်တယ်
ဟုတ်တယ်…ဟုတ်တယ်
အားလုံး ၀ိုင်းအော်ကြ
အားလုံးပျော်သွားကြပြီ
ဘာနဲ့တူသလဲဆိုတော့
ဥပမာကလဲ ခပ်ရှားရှားပါပဲ
ဂရင်း ဖာလူဒါဆိုင်ကရေခဲတုံးကြီးလို
ပျော်လို့ ပြဲလို့
အော်လို့ ဟစ်လို့
ခ်နးလုံးပြည့်အော်သံတွေ
ပျော်စရာကြီး
(စစ်အတွင်းကကွဲသွားတဲ့ သူငယ်ချင်းညီအစ်ကိုတွေ
ချစ်ချင်းအားဖြင့် အမြဲပဲညီညာကြစေ)
တေးသံဖောက်ပြီးထွက်လာ
အားလုံးသီဆိုကြ
ဘာနဲ့တူသလဲဆိုတော့
တီကောင်တွေ အထွေးလိုက်ကြီး ရှုပ်ထွေးသလိုမျိုး
ရှုပ်ထွေးပျော်ရွှင်ကြ
တေးသံခဏရပ်အသွား
ဟေ့… ငါတိုပက နော်မန်ဒီမှာ ကျခဲ့တာကွ
မင်းတို့နဲ့ကွာကွာပြီးနော်မန်ဒီမှာ
ငါတို့သွေးအလူးလူးနဲ့ ကျကျန်ရစ်ခဲ့တာ။
(၇)
ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှအလကားမရဘူး
ဘယ်အရာမှအလကားမရဘူး
ဒါ ငါ့သီအိုရီပဲ
မသစ်လား…
သစ်ရုံတင်မဟုတ်ဘူး လှနေတယ်။
ဟေ့ ငါက ပုလဲဆိပ်ကမ်းမှာကျခဲ့တာကွ
ကြည့်ပါလား၊ ငါ့သွားတွေ ခေါနေတာ
ငါက ဂျပန်ကျွန်းစုတစ်စုမှာ လူဖြစ်ပြီး
ဟိုက်ကုကဗျာတွေဘာတွေ ရေးနေတာ
ခုမှ သူငယ်ချင်း ညီအစ်ကိုတွေနဲ့
တွေ့ရအောင်ရောက်လာတာ
စစ်အတွင်းက သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းဖြင့် ညီညာစေ…
ချစ်ခြင်းဖြင့် ညီညာစေ…
သူ့အသံတိတ်သွား၊ သူ့သွေးသူချိန်ကြည့်နေ
နောက်ထပ်အသံ ပေါ်လာပြန်
အသံသြကြီးနဲ့
ဟေံငါက စစ်တောင်မြစ်ဝှမ်းမှာကျခဲ့တာ
ခု သခွားသီးတွေပါတယ်
စားပစ်ကြ…ငါကသခွားခင်းပိုင်ရှင်
ဟေ့…ငါက ရိုးမရိုးစပ်မှာကျခဲ့တာ
မြို့မဟုတ်ဘူး
ဟေ့ကောင် ခက်ထန်
မင်းမမှတ်မိဘူးလား
ရန်သူ့ကျည်ဆံ တဖွားဖွားကြားမှာ
ငါတို့တစ်တွေ ရှေ့တက်ခဲ့ကြတာလေ။
(၈)
ဟေ့ ငါက ဟန်ဂေရီစစ်မျက်နှာက
ဗုံနင်းမိတာ တစ်စစီပဲ ကိုယ့်လူရေ
အဲဒီကနေလူပြန်ဖြစ်ပြီး
ပါရီတောရပ်ပိုင်းလေးမှာနေခဲ့တာပေါ့
အရက်ဘားမှာ စားပွဲထိုးလေးပေါ့
အဲဒီကနေမှ ဒီရောက်ခဲ့ရတာ
တစ်ယောက်ကထအော်တယ်
အားလုံခဏငြိမ်ပေးကြပါ
ကဗျာဆရာတွေလာနေကြပြီ။
သစ်ကုလားအုပ်သံတွေကြားရတယ်
မြင်းဟီသံတွေကြားရတယ် ကျားသစ်သံတွေ…
ခြင်္သေ့ဟောက်သံတွေကြားနေရတယ်
ကျားသစ်သံတွေ…
ခြင်္သေ့ဟောက်သံတွေ ကြားနေရတယ်
ဟော… တောခွေးအူသံတွေ ကြားနေရတယ်
ပင်လယ်လှိုင်းရိုက်သံတွေကြားနေရတယ်
ခြင်္သေ့ဟာက်သံကတော့
ဒါ နေသွေးဦး ခေါ် အာရပ်ဖက်တီးပဲဖြစ်မှာ
ဒီကောင်ကြီး ခြင်္သေသေ့နဲ့တထေရာထဲတူတယ်
ဟောက်တတ်တယ်
ဟော…လှေလှော်သံတွေ ကြားရပြန်ပြီ
ဒါ ကဒုံတင်စိုးပဲဖြစ်မှာ
ဟော မြှေတွန်သံတွေ ကြားရပြန်ပြီ
ဒါ မြွေကြီး ခေါ် ဇော်ဝင်းတင့်ပဲ ဖြစ်မှာ
သေချာပါတယ်
မလွဲပါဘူး
(၉)
ဟော တကယ်ဝင်လာတော့လည်း
သင်းအုပ်ဆရာ အ၀တ်အစားကြီးဝတ်လို့
“ယူကော”ဆိုတဲ့ကောင်ကြီးရယ်
အာဖရိကဗုံကိုထုနှက်ကာ
ဆန်လဲမဟုတ် ပြောင်းလဲမဟုတ်
ဆန်ပြောင်းရယ်
ဟာကြူလီငပျော့ ခေါ်ကြည်ဝင်းမြို့ရယ်
ငါးသလောက်နှစ်ကောင် ပူးချည်ထားတဲ့အပြုံးနဲ့
အခန်းကျယ်ကြီးထဲအားလုံးလည်းရောက်ရော
ဆန်ပြောင်းရဲ့ အာဖရိကဗုံသံ ကြားရတော့တာပဲ
တစ်ခန်းလုံး
အာဖရိကဗုံသံတွေ လွှမ်းမိုးသွား
သူငယ်ချင်းညီအစ်ကိုတွေ
ရိုးဟေး ညာသံတွေ
ဗု့သံအလိုက်လိုက်ကကြ
အခန်းကြီးဝက်ဝက်ကွဲမျှ
အတော်ကလို့မောတော့
အားလုံးပိုင်သီချင်းလေးကို
တစ်ယောက်မကျန်သီဆိုကြ…
“စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းနဲ့ ညီညာကြစေ“။
(၁၀)
ထိုသီချင်းကို လေးကြိမ်သံပြိုင်သီဆိုပြီး
ဟေ့ ဟေ့ သူငယ်ချင်းညီအစ်ကိုတစ်တွေ
ကြည်ဝင်းမြို့မှာ ၀က်ပေါင်နှစ်ပေါင်ပါတယ်
ဘာဘီကျူးမီးဖို ဖိုကြရအောင်
ပြီးရင်
ဝက်ပေါင် ကင်ကြရအောင်
ပြီးရင်
ဒီမှာ ၀ိုင်တွေအများကြီးရှိတယ်
ဝက်ပေါင်နဲ့ ၀ိုင်နဲ့ သောက်ကြတာပေါ့
ဟေး…တဲ့
အသံကြီးတစ်စုတစ်ခဲတည်းထွက်
ဘာဘီကျူးမီးဖို ဖိုလိုက်ကြတယ်
မီးပုံကြီးဘေးမှာကြည်ဝင်းမြို့က
သူ ပဲခူးရိုးမမှာ ကျခဲ့တာတဲ့
မြွေကြီး ခေါ် ဇော်ဝင်းတင့်က စစ်တောင်းမြစ်ဝှမ်းမှာ
သင်ကြီးခေါ် စာသင်ကြီးကတော့
အင်ဖာတိုက်ပွဲမှာ
အဲဒီမှာ လူဖြစ်တာ
ဒါဂျီလင်က လက်ဖက်ခင်းထဲမှာ နေနေပြီးမှ
ခုမှ ဒီရောက်လာရတာတဲ့
ကမ္ဘာကြီးဟာ ပြားတယ်တဲ့
ဟော…ဖော်ဝေးရယ်
ဝတ်ရုံအနီကြီးဝတ်ပြီးဖော်ဝေး၀င်လာ
အားလုံး ၁၅ မိနစ် ငြိမ်သက်စွာ အလေးပြုကြ။
(၁၁)
ငါတို့ သူငယ်ချင်းတွေ ပြန်ဆုံဖို့ဆိုတာ
ဘ၀အသီးသီးတိုင်းပြည်အသီးသီးက လာကြရတာ
ဒါအတွက် ငါတို့တွေ စိတ်မပျက်ခဲ့ကြဘူး
အါတို့မှာ
နတ်တွေတောင် မမြင်နိုင်တဲ့
ခွန်အားတွေအပြည့်ရှိတယ်
ကဗျာဆရာဟာ
တောင်ဝင်ရိုးစွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဥတ္တရယဉ်စွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဧ၀ရက်တောင်လည်း ဖြစ်တယ်
ကဗျာဆရာဟာ
မြေ၀ပ်ငှက်ကလေးလိုလည်း နေတတ်တယ်
ကဗျာဆရာဟာ
သတ္ထုတွင်းတူးသူလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ကြယ်ကလေးလိုလည်း မှိတ်တုတ်မှိတ်တုတ် နေတတ်တယ်
ကဗျာဆရာဟာ
စစ်မုန်းသူလည်းဖြစ်တယ်
ဝေဟင်မှာ စာမရီငှက်ဖြစ်ပြီး
မြေပြင်မှာ ကေသရာဇာလည်း ဖြစ်တယ်
ရေပြင်မှာနဂါးဖြစ်တယ်
ကဗျာဆရာဟာ
ရေတွက်မရတဲ့ နာမ်တွေဖြစ်တယ်
မမြင်နိုင်တဲ့ စွမ်းအင်ရှိသူတွေဖြစ်တယ်
လက်ခုပ်သံတွေ တစ်ခန်းလုံး
အုန်းအုန်းကျွက်ကျွက်ဆူညံသွား။
(၁၂)
ဝက်ပေါင်နဲ့ ၀ိုင်တွေ အားလုံးသောက်
ဆိုချင်တဲ့သီချင်းတွေ အသံနက်ကြီးတွေနဲ့ဆိုကြ
ကြိုးတန်းဆွဲပြီး ဟိုဘက်သည်ဘက် ခိုစီးကြ
ကင်းမြီးကောက်ထောင်ပြီး လမ်းလျှောက်သူလျှောက်ကြ
ကျွမ်းထိုးသူတွေကလည်း
ရှေ့ကျွမ်းနောင်ကျွမ်းထိုးကြ
ဆန်ပြာင်းက အာဖရိကဗုံကိုနှက်လိုက်တော့
အားလုံးမြိုင်သွားပြီး ကကြပြန်ပြီ
ဗုံသံကလည်း မရပ်မနားကိုတီးလို့
အားလုံးကလည်း မရပ်မနားကို ကကြလို့
ပျော်စရာကြီးပါ
အခန်းကျယ်ကြီးထဲမှာ
ကဗျာဆရာတွေချည်းပဲ
ကဗျာဆရာမဟုတ်တာတစ်ယောက်မှ မရှိဘူး
ဟေး…
ကဗျာဆရာတွေကွ
ကမ္ဘာကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်နေတာ
ပြီးရင် ကမ္ဘာကြီးကို အင်္ကျီချုပ်ဝတ်မယ်
တစ်ယောက်တစ်ခွန်းစီအော်ဟစ်ကြ
အားလုံးလဲမူးကုန်ကြပေါ့
ဒါပေမဲ့
တစ်ယောက်မှသတိမလစ်ကြပါဘူး
ဟော…နောက်ဆုံးဝင်လာ ရောက်လာတာက
ရော်ဇင်ဟု ခေါ် သိန်းဇက်
သူ့မျက်နှာက လင်းတနဲ့တူတယ်
သူ့ကဗျာကလည်း လင်းတရဲ့အတ္ထုပတ္တိတဲ့။
(၁၃)
ဒီကောင်ကြီးဝင်မူး
အာဖရိကဗုံသံတွေနဲ့ ကခုန်
အော်ချင်တာတွေအော်ဟစ်
ခဏနေတော့ ဗုံသံရပ်သွား
အဲဒီမှာ အောင်ချိမ့်အသံကြီးထွက်လာ
“ဟေ့…ကဗျာဆရာဆိုတာ ငါတစ်ယောက်တည်းပဲ ရှိရမယ်“
အောင်ချိမ့်ကြီးက ကဗျာဆရာတွေကိုသေနတ်နဲ့ပစ်ချလိုက်တော့
အားလုံး
အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
(သူပစ်တာက ရေသေနတ်နဲ့ ပစ်တာ)
ခဏနေတော့ အားလုံး တဟားဟားရယ်ပြီး ထလာကြ
ကဗျာဆရာဆိုတာ ဘယ်တော့မှမသေဘူး
သိထား…
မသေဆေးမြစ်ရှိတယ်
မရပ်နားတဲ့ မြစ်တွေရှိတယ်
အဲဒီလိုနဲ့
အခန်းကျယ်ကြီးထဲက ထွက်ဖို့ပြင်တော့
အခန်းကြီးဟာ ပဒုမ္ပာကြာဖက်ကြီးလို
အလိုလိုပွင့်ကျသွား
သူတို့အားလုံးမှာ
ကမ္ဘာသစ်ဝတ်စုံတွေ ၀တ်ပြီးဖြစ်နေတာ
အံ့သြဖွယ် တွေ့ရှိလိုက်ရတယ်။
မောင်ချောနွယ်
၁၃-ဇွန်-၂၀၀၁
မောင်ချောနွယ်ဟုခေါ်သည်
သူကျုံးထဲကတက်လာသည်
သူ့မှာအနုပညာ အင်္ကျီပါပါသည်။
မောင်ချောနွယ်ဟုခေါ်သည်
သူသံမဏိလမ်းက လာသည်
သူ့မှာအနုပညာ အင်္ကျီပါပါသည်။
*
ဤကမ္ဘာမြေ၌ ကျွန်ုပ်ထွန်ယက်သမျှသည်
အသက်ဓာတ်သားဖြစ်ပါ၏။ ကဗျာဖြင့်စပ်ယှက်ခဲ့သော
ကျွန်ုပ်၏ နေ့ပေါင်းများစွာ ညပေါင်းများစွာအား
ကဗျာဖြင့်သူကောင်းပြုပါ၏။
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းဆိုခဲ့တယ်။
(၁)
“ကဲ အခုကစပြီး တစ္ဆေကဖီးကိုဖွင့်မယ်”
ရဲဘော်သူငယ်ချင်းတို့
“ငါတို့ဟာ စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတတွေဖြစ်ကြရဲ့”
ငါတို့တွေ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြရဲ့
ရှိစေတော့
သူရဲကောင်းမှတ်တမ်းမ၀င်ဘူး
ရှိစေတော့
ငါတို့ဟာ သူရသတ္တိရှိလို့ ကဗျာဆရာဖြစ်ခဲ့ကြတယ်
ကဗျာဆရာဆိုတာ
အဂတိမလိုက်စားဘူး
ဟော ကြည့်ပါလား
ကဗျာဆရာ အနန္တသူရိယအမတ်ဟာ
ကဗျာတစ်ပုဒ်နဲ့ ကြိုးစင်တက်ခဲ့တာ
မလှဘူးလား
လွှတ်လှ။
သေခြင်းတရားဆိုတာ
စောစောက လပ်ကီး လူစီယာနိုရယ်
ဘီယာဘူးတွေနဲ့ ပစ်ပေါက်လိုက်တော့
ဖန်တွေ မှန်တွေ ကွဲကျသွားကြတယ်မဟုတ်လား
လွှတ်လှတယ်။
သေချင်းတရားဆိုတာ
ရဲဘော်တို့ ရဲရဲမှတ်ထားကြ
စားပွဲပေါ်က ဖန်ခွက်တစ်လုံး
သမံတလင်းပေါ် ကျကွဲသလောက်ပဲ ရှိတယ်
လွှတ်လှ။
ငါတို့ရဲ့ ကဗျာဆရာ မောင်ချောနွယ် ပြောတာကတော့
သေခြင်းတရားဆိုတာ
လေယာဉ်ပျံတစ်စီးပေါ်ကနေ
လေယာဉ်ပျံတစ်စီး ပြောင်းစီးသလောက်ပါပဲကွာတဲ့
လွှတ်လှ။
ကဲ….နောက်ဘ၀မှာ နောက်ဘ၀ကူးရင်
နောက်ဘ၀ရောက်ရင်လည်း
ကဗျာဆရာဖြစ်ဦးမှာသေချာတဲ့
ငါတို့ရဲ့ သစ္စာတိုင်တရားရှိတယ်
ငါတို့ဟာ
လူတစ်သိန်း တစ်သန်းမှာမှ
ကဗျာဆရာတစ်ယောက်ဖြစ်တယ်ဆိုတဲ့
၂၁ ရာစု သီအိုရီရှိတယ်
ဟုတ်တယ်….ဟုတ်….
ဟုတ် ၁၀ ကြိမ်အော်ဟစ်ကြရဲ့
ကဲ…ခု အခမ်းအနာသစ်တစ်ခု မကျင်းပခင်
ငါတို့သူရဲကောင်းတွေကို
အရင်ဆုံးအလေးပြုကြရအောင်
ကဲ အားလုံးငြိမ်သက်ပါ
၁၅ မိနစ်ငြိမ်သက်ပေးပါ။
(၂)
(၁၅ မိနစ်ဆိုတာ ငါတို့ရဲ့နောက် ၁၅ဘ၀ကိုဆိုလိုတယ်)
နောက်၁၅ဘ၀ ကဗျာဆရာပေါ့။
ဟုတ်တယ် နောက်၁၅ ဘ၀ထိ
ငါတို့ဟာ ကဗျာဆရာပဲဖြစ်ရမယ်
ပထမဦးဆုံး ငါတို့ရဲ့ ကဗျာဆရာဖော်ဝေး
သူ့ကိုအလေးပြုကြ
၁၅ မိနစ်ငြိမ်
ဒုတိယမြေချစ်သူကို
သူ့ကိုအလေးပြုကြ
တတိယစစ်တွေနောင်လတ်
၁၅ မိနစ်ငြိမ်
စတုတ္ထ…မောင်စိမ်းခေါင်
ကဲ...ရိုးပြတ်တောမောင်အောင်ခက် ၁၅ မိနစ်ငြိမ်
ကဲ…အားလုံးသက်သာနိုင်ပြီ။
ခုချိန်ကစပြီး တစ္ဆေကဖီးကို ဖွင့်လှစ်လိုက်ပါပြီ
ကြိုက်သလိုနေနိုင်ပါတယ်
ကြိုက်သလိုပေါ့။
ရှေးဦစွာ“ရော်ဘင်ဟု”က သရဲမျက်နှာဖုံးကို စွပ်လိုက်တယ်
အားလုံးမျက်နှာဖုံးတွေ စွပ်လိုက်ကြရဲ့ 
အားလုံးတစ္ဆေတွေ၊ သူရဲတွေ၊ ဘီလူးတွေ၊ဖုတ် ပြိတ္တာတွေ
မှင်စာတွေဖြစ်သွားကြရဲ့။
အဲဒီခဏမှာပဲ
ဟောခန်းကြီးတစ်ခန်းလုံး မီးခိုးတွေ လှိုင်အူလာရဲ့
အားလုံးစီးကရက်တွေသောက်ကြ
ဘီယာတွေ၊ ၀ိုင်တွေ၊ ၀ီစကီတွေ သောက်ကြနဲ့
စကားတွေတဖြောင်းဖြောင်းထအောင် ပြောကြတော့ရဲ့
အားလုံးမီးတွေ မှိတ်လိုက်ကြ
အားလုံးကကြမယ်
အားလုံး အားလုံး
စိတ်လွတ်လပ် ကိုယ်လွတ်လပ်
ထောင့်မီး မီးလေးတွေလင်းလာ
အစိမ်း အနီ အပြာ အ၀ါ
ဟေ့…အသံတစ်သံပေါ်လာ
လူ့ဘ၀ဆိုတာ လေထဲက ဖယောင်းတိုင်မီးလေးပါ
အားလုံး Candle In The Wind ပဲ
ဒါပဲ… ဒါပဲ…ဒါပဲ…
အားလုံး ဖယောင်းတိုင်မီးတွေ ထွန်းညှိကြ
သီခင်းဆိုကြမယ်(သံပြီုင်)။
(၃)
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတွေ ပြန်တွေ့တဲ့နေ့
ဟေ့…စစ်သီချင်းတွေဆိုကြ
ချီတက်ကြမယ်…ကမ္ဘာသစ်ဆီ
ဟော…
သစ်ကုလားအုပ်ဟီသံတွေ မြင်းဟီသံတွေ
မော်တော်ကားသံတွေ ရဟတ်ယာဉ်သံတွေ…
ကဗျာဆရာတွေလာကြပြီဟေ့
အသံတွေကြားနေရပြီ
ခြင်္သေ့ဟောက်သံတွေ ကျားဟိန်းသံတွေ ဆင်နှာမှုတ်သံတွေ
ကလဲနက်မှုတ်သံတွေဝေဆာလို့
ငါတို့ ကဗျာဆရာတွေလာကုန်ကြပြီဟေ့
ကြိုဆိုလိုက်ကြရအောင်
ဟော…ကြည်ဝင်းတော၊ မိုဃ်းဇော်၊ ငွေယံဦး၏မိုးဝေးကိုရွေး၊ ၀င်းမြင့်၊ ခက်ထန်ပိုင်စိုး၊
ဇော်ဝင်းတင့်၊ကမ္ဘာပု
စတီးလ် အစရှိသော
လူငယ်ကဗျာဆရာတွေ တစ်ပြုံတစ်မကြီးဟာ
ဟောခန်းတွင်း ၀င်ရောက်လာကြ
တွေ့ဆုံသည်နှင့်တစ်ပြိုင်နက်
ဟေး…ဟေး…ဟေး…အသံတွေ
ဆူညံစွာ တစ်ပြိုင်နက်တည်း ထွက်လာကြရဲ့
အုတ်အောင်သောင်းတင်းပါပဲ
ကဗြုန်းကရုန်းပါပဲ
ဟော…အော်ကြပြန်ပြီ
ဟေ့ မက်ဆိုပိုတေးနီးယားကလာတာ
ဟေ့ ငါလည်းမက်ဆိုကပဲ
ဟိုမှာမင်းနဲ့ငါမတွေ့တာတစ်ခုပဲ
ဟေ့ ငါလည်း မက်ဆိုပိုတေးနီးယားစစ်မြေပြင်မှာ
ကျခဲ့တာပဲကွ
အဲဒီမှာ လူဖြစ်ခဲ့တာပဲ
ခုသေပြီး လုလူဝင်စာပြန်ဖြစ်တာ
တန်ပါတယ်
အရာရာဖြစ်ပျက်နေတာ တန်ပါတယ်ကွာ
ဟေ့ ငါက ဟိုနိုလူလူကလာတာ
ငါနဲ့အတူတူပေါ့ကွာ
ဟေ့ ငါလည်းပါတယ်ကွ
ဟေး… ဟေး…ဟေးဟေး…
တွေကုန်ကြပြီကွာ။
(၄)
ဟေ့ ငါက အီတလီကလာတာ
အီတလီစပျစ်ခြံကလာတာ
စပျစ်ဝိုင်တွေပါတယ်
ရဲဘော်တွေအားလုံးအတွက်ပဲ
တို့တွေအားလုံးက စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချငးညီအစ်ကိုတွေ
တစ်ယောက်နဲ့တစ်ယောက်ပစ်ချလို့မရဘူး
ပြောပြရရင်လည်း လွမ်းစရာကြီးကွာ
ဟား…. ဟား…. ဟား…. ဟားဟား
ကဲ လုတွေ့ပြီပဲ
ဘာလုပ်ကြမလဲ
ငါသိတာကတော့
လောကကြီးမှာ အရက်ကလွဲပြီး
ဘာမှပျော်စရာကောင်းတာမရှိဘူး
ဟေ့ သောက်ပစ်ကြ သောက်ပစ်ကြ
ဟေ့ကောင်တွေ ငါက ဟော်လန်ကလာတာ
ငါ့မှာနို့ဆီတွေပါတယ် သောက်ကြ
ငါတို့တွေနို့ငတ်ခဲ့ကြတယ် မဟုတ်လား
ဖောက်သာသောက်ကြ
ရောက်ချင်ရာရောက်ကြပစေ
တို့တွေနေပူခဲ့တယ်
ဒါကြောင့်ပဲ တို့တွေနေမပူဘူးပေါ့
ဟေ့ ငါက ဒါင်္ဂျီလင်က လာတာ
ဟေ့ ငါက ပန်ဂျပ်က လာတာ။
(၅)
ဘာလဲ ဘ၀ဆိုတာ ဘာလဲ
စူးစမ်းနေစရာမလိုဘူး
ငါဟာ စပျစ်ခြံအလုပ်သမားလေး
ဒါ ၀မ်းနည်းစရာလား
ငါ…ချစ်သူနဲ့တွေ့ချင်တဲ့အခါ
ငါတွေ့ရတယ်
ငါပျော်ချင်ရင်ပျော်ရတယ်
ငါကနေပျော် သေပျော်သမားပဲ
စစ်အတွင်းက သူငယ်ချင်းတွေ
ပေါင်မုန့်လေးတစ်ယောက်တစ်ဝက်
သေမင်းကျည်ဆံတွေ တဖျောက်ဖျောက်အောက်မှာ
တို့တွေ လျှောက်ခဲ့တာ
ဘာဖြစ်လာလဲ
ဘာမှ မထူဆန်းဘူး
နေကြသေကြပါပဲကွာ
တို့တွေ...ပြန်မဆုံဖြစ်ကြဘူးထင်တာ
ခုပြန်ဆုံကြတယ်
ဒါကောင်းတယ်
ဒါ အကောင်ဆုံးဆုလာဘ်ပဲ
ဒါကောင်းတယ်
အေး…ကောင်းတယ်
ဒါပေမဲ့ ငါတို့လည်းပြောပါရစေဦး၏ငါက ကွင်းစလန်မှာနွားခြံပိုင်ရှင်
ငါက သြစတြေးလျ ကမ်းခြေတစ်နေရာမှာ ကျခဲ့တာ
အဲဒီမှာလူသွားဖြစ်
နွားတွေမွေး
နို့စားနွားတွေပေါ့
ငါ့မှာ
နွားနို့တွေပါတယ်
အားလုံးသောက်ပစ်ကြ
ဒါဟာနတ်ဆိုးရဲ့ဝိုင်ပဲ
နွာနို့ဟာ နတ်ဆိုးရဲ့ဝိုင်ပဲ
နတ်ဆိုးရဲ့ဝိုင်တွေကိုငါတို့ပဲသောက်ကြရဲ့။
(၆)
သောက်နိုင်ကြတာ
ကဗျာဆရာဆိုတာ
နတ်ဆိုးဝိုင်တွေ သောက်တဲ့သူတွေ
အထက်တန်းစားတွေ
ဒုက္ခနဲ့ ဒဏ်ရာတွေဟာ
ငါတို့ရဲ့ရှုမျှော်ခင်းတွေပဲကွ
ငါတို့တွေ အလှကြည့်နေကျတွေပဲ
ဟုတ်တယ်မဟုတ်လား
ဟုတ်တယ်…ဟုတ်တယ်
ဟုတ်တယ်…ဟုတ်တယ်
ဟုတ်တယ်…ဟုတ်တယ်
အားလုံး ၀ိုင်းအော်ကြ
အားလုံးပျော်သွားကြပြီ
ဘာနဲ့တူသလဲဆိုတော့
ဥပမာကလဲ ခပ်ရှားရှားပါပဲ
ဂရင်း ဖာလူဒါဆိုင်ကရေခဲတုံးကြီးလို
ပျော်လို့ ပြဲလို့
အော်လို့ ဟစ်လို့
ခ်နးလုံးပြည့်အော်သံတွေ
ပျော်စရာကြီး
(စစ်အတွင်းကကွဲသွားတဲ့ သူငယ်ချင်းညီအစ်ကိုတွေ
ချစ်ချင်းအားဖြင့် အမြဲပဲညီညာကြစေ)
တေးသံဖောက်ပြီးထွက်လာ
အားလုံးသီဆိုကြ
ဘာနဲ့တူသလဲဆိုတော့
တီကောင်တွေ အထွေးလိုက်ကြီး ရှုပ်ထွေးသလိုမျိုး
ရှုပ်ထွေးပျော်ရွှင်ကြ
တေးသံခဏရပ်အသွား
ဟေ့… ငါတိုပက နော်မန်ဒီမှာ ကျခဲ့တာကွ
မင်းတို့နဲ့ကွာကွာပြီးနော်မန်ဒီမှာ
ငါတို့သွေးအလူးလူးနဲ့ ကျကျန်ရစ်ခဲ့တာ။
(၇)
ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှအလကားမရဘူး
ဘယ်အရာမှအလကားမရဘူး
ဒါ ငါ့သီအိုရီပဲ
မသစ်လား…
သစ်ရုံတင်မဟုတ်ဘူး လှနေတယ်။
ဟေ့ ငါက ပုလဲဆိပ်ကမ်းမှာကျခဲ့တာကွ
ကြည့်ပါလား၊ ငါ့သွားတွေ ခေါနေတာ
ငါက ဂျပန်ကျွန်းစုတစ်စုမှာ လူဖြစ်ပြီး
ဟိုက်ကုကဗျာတွေဘာတွေ ရေးနေတာ
ခုမှ သူငယ်ချင်း ညီအစ်ကိုတွေနဲ့
တွေ့ရအောင်ရောက်လာတာ
စစ်အတွင်းက သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းဖြင့် ညီညာစေ…
ချစ်ခြင်းဖြင့် ညီညာစေ…
သူ့အသံတိတ်သွား၊ သူ့သွေးသူချိန်ကြည့်နေ
နောက်ထပ်အသံ ပေါ်လာပြန်
အသံသြကြီးနဲ့
ဟေံငါက စစ်တောင်မြစ်ဝှမ်းမှာကျခဲ့တာ
ခု သခွားသီးတွေပါတယ်
စားပစ်ကြ…ငါကသခွားခင်းပိုင်ရှင်
ဟေ့…ငါက ရိုးမရိုးစပ်မှာကျခဲ့တာ
မြို့မဟုတ်ဘူး
ဟေ့ကောင် ခက်ထန်
မင်းမမှတ်မိဘူးလား
ရန်သူ့ကျည်ဆံ တဖွားဖွားကြားမှာ
ငါတို့တစ်တွေ ရှေ့တက်ခဲ့ကြတာလေ။
(၈)
ဟေ့ ငါက ဟန်ဂေရီစစ်မျက်နှာက
ဗုံနင်းမိတာ တစ်စစီပဲ ကိုယ့်လူရေ
အဲဒီကနေလူပြန်ဖြစ်ပြီး
ပါရီတောရပ်ပိုင်းလေးမှာနေခဲ့တာပေါ့
အရက်ဘားမှာ စားပွဲထိုးလေးပေါ့
အဲဒီကနေမှ ဒီရောက်ခဲ့ရတာ
တစ်ယောက်ကထအော်တယ်
အားလုံခဏငြိမ်ပေးကြပါ
ကဗျာဆရာတွေလာနေကြပြီ။
သစ်ကုလားအုပ်သံတွေကြားရတယ်
မြင်းဟီသံတွေကြားရတယ် ကျားသစ်သံတွေ…
ခြင်္သေ့ဟောက်သံတွေကြားနေရတယ်
ကျားသစ်သံတွေ…
ခြင်္သေ့ဟောက်သံတွေ ကြားနေရတယ်
ဟော… တောခွေးအူသံတွေ ကြားနေရတယ်
ပင်လယ်လှိုင်းရိုက်သံတွေကြားနေရတယ်
ခြင်္သေ့ဟာက်သံကတော့
ဒါ နေသွေးဦး ခေါ် အာရပ်ဖက်တီးပဲဖြစ်မှာ
ဒီကောင်ကြီး ခြင်္သေသေ့နဲ့တထေရာထဲတူတယ်
ဟောက်တတ်တယ်
ဟော…လှေလှော်သံတွေ ကြားရပြန်ပြီ
ဒါ ကဒုံတင်စိုးပဲဖြစ်မှာ
ဟော မြှေတွန်သံတွေ ကြားရပြန်ပြီ
ဒါ မြွေကြီး ခေါ် ဇော်ဝင်းတင့်ပဲ ဖြစ်မှာ
သေချာပါတယ်
မလွဲပါဘူး
(၉)
ဟော တကယ်ဝင်လာတော့လည်း
သင်းအုပ်ဆရာ အ၀တ်အစားကြီးဝတ်လို့
“ယူကော”ဆိုတဲ့ကောင်ကြီးရယ်
အာဖရိကဗုံကိုထုနှက်ကာ
ဆန်လဲမဟုတ် ပြောင်းလဲမဟုတ်
ဆန်ပြောင်းရယ်
ဟာကြူလီငပျော့ ခေါ်ကြည်ဝင်းမြို့ရယ်
ငါးသလောက်နှစ်ကောင် ပူးချည်ထားတဲ့အပြုံးနဲ့
အခန်းကျယ်ကြီးထဲအားလုံးလည်းရောက်ရော
ဆန်ပြောင်းရဲ့ အာဖရိကဗုံသံ ကြားရတော့တာပဲ
တစ်ခန်းလုံး
အာဖရိကဗုံသံတွေ လွှမ်းမိုးသွား
သူငယ်ချင်းညီအစ်ကိုတွေ
ရိုးဟေး ညာသံတွေ
ဗု့သံအလိုက်လိုက်ကကြ
အခန်းကြီးဝက်ဝက်ကွဲမျှ
အတော်ကလို့မောတော့
အားလုံးပိုင်သီချင်းလေးကို
တစ်ယောက်မကျန်သီဆိုကြ…
“စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းနဲ့ ညီညာကြစေ“။
(၁၀)
ထိုသီချင်းကို လေးကြိမ်သံပြိုင်သီဆိုပြီး
ဟေ့ ဟေ့ သူငယ်ချင်းညီအစ်ကိုတစ်တွေ
ကြည်ဝင်းမြို့မှာ ၀က်ပေါင်နှစ်ပေါင်ပါတယ်
ဘာဘီကျူးမီးဖို ဖိုကြရအောင်
ပြီးရင်
ဝက်ပေါင် ကင်ကြရအောင်
ပြီးရင်
ဒီမှာ ၀ိုင်တွေအများကြီးရှိတယ်
ဝက်ပေါင်နဲ့ ၀ိုင်နဲ့ သောက်ကြတာပေါ့
ဟေး…တဲ့
အသံကြီးတစ်စုတစ်ခဲတည်းထွက်
ဘာဘီကျူးမီးဖို ဖိုလိုက်ကြတယ်
မီးပုံကြီးဘေးမှာကြည်ဝင်းမြို့က
သူ ပဲခူးရိုးမမှာ ကျခဲ့တာတဲ့
မြွေကြီး ခေါ် ဇော်ဝင်းတင့်က စစ်တောင်းမြစ်ဝှမ်းမှာ
သင်ကြီးခေါ် စာသင်ကြီးကတော့
အင်ဖာတိုက်ပွဲမှာ
အဲဒီမှာ လူဖြစ်တာ
ဒါဂျီလင်က လက်ဖက်ခင်းထဲမှာ နေနေပြီးမှ
ခုမှ ဒီရောက်လာရတာတဲ့
ကမ္ဘာကြီးဟာ ပြားတယ်တဲ့
ဟော…ဖော်ဝေးရယ်
ဝတ်ရုံအနီကြီးဝတ်ပြီးဖော်ဝေး၀င်လာ
အားလုံး ၁၅ မိနစ် ငြိမ်သက်စွာ အလေးပြုကြ။
(၁၁)
ငါတို့ သူငယ်ချင်းတွေ ပြန်ဆုံဖို့ဆိုတာ
ဘ၀အသီးသီးတိုင်းပြည်အသီးသီးက လာကြရတာ
ဒါအတွက် ငါတို့တွေ စိတ်မပျက်ခဲ့ကြဘူး
အါတို့မှာ
နတ်တွေတောင် မမြင်နိုင်တဲ့
ခွန်အားတွေအပြည့်ရှိတယ်
ကဗျာဆရာဟာ
တောင်ဝင်ရိုးစွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဥတ္တရယဉ်စွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဧ၀ရက်တောင်လည်း ဖြစ်တယ်
ကဗျာဆရာဟာ
မြေ၀ပ်ငှက်ကလေးလိုလည်း နေတတ်တယ်
ကဗျာဆရာဟာ
သတ္ထုတွင်းတူးသူလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ကြယ်ကလေးလိုလည်း မှိတ်တုတ်မှိတ်တုတ် နေတတ်တယ်
ကဗျာဆရာဟာ
စစ်မုန်းသူလည်းဖြစ်တယ်
ဝေဟင်မှာ စာမရီငှက်ဖြစ်ပြီး
မြေပြင်မှာ ကေသရာဇာလည်း ဖြစ်တယ်
ရေပြင်မှာနဂါးဖြစ်တယ်
ကဗျာဆရာဟာ
ရေတွက်မရတဲ့ နာမ်တွေဖြစ်တယ်
မမြင်နိုင်တဲ့ စွမ်းအင်ရှိသူတွေဖြစ်တယ်
လက်ခုပ်သံတွေ တစ်ခန်းလုံး
အုန်းအုန်းကျွက်ကျွက်ဆူညံသွား။
(၁၂)
ဝက်ပေါင်နဲ့ ၀ိုင်တွေ အားလုံးသောက်
ဆိုချင်တဲ့သီချင်းတွေ အသံနက်ကြီးတွေနဲ့ဆိုကြ
ကြိုးတန်းဆွဲပြီး ဟိုဘက်သည်ဘက် ခိုစီးကြ
ကင်းမြီးကောက်ထောင်ပြီး လမ်းလျှောက်သူလျှောက်ကြ
ကျွမ်းထိုးသူတွေကလည်း
ရှေ့ကျွမ်းနောင်ကျွမ်းထိုးကြ
ဆန်ပြာင်းက အာဖရိကဗုံကိုနှက်လိုက်တော့
အားလုံးမြိုင်သွားပြီး ကကြပြန်ပြီ
ဗုံသံကလည်း မရပ်မနားကိုတီးလို့
အားလုံးကလည်း မရပ်မနားကို ကကြလို့
ပျော်စရာကြီးပါ
အခန်းကျယ်ကြီးထဲမှာ
ကဗျာဆရာတွေချည်းပဲ
ကဗျာဆရာမဟုတ်တာတစ်ယောက်မှ မရှိဘူး
ဟေး…
ကဗျာဆရာတွေကွ
ကမ္ဘာကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်နေတာ
ပြီးရင် ကမ္ဘာကြီးကို အင်္ကျီချုပ်ဝတ်မယ်
တစ်ယောက်တစ်ခွန်းစီအော်ဟစ်ကြ
အားလုံးလဲမူးကုန်ကြပေါ့
ဒါပေမဲ့
တစ်ယောက်မှသတိမလစ်ကြပါဘူး
ဟော…နောက်ဆုံးဝင်လာ ရောက်လာတာက
ရော်ဇင်ဟု ခေါ် သိန်းဇက်
သူ့မျက်နှာက လင်းတနဲ့တူတယ်
သူ့ကဗျာကလည်း လင်းတရဲ့အတ္ထုပတ္တိတဲ့။
(၁၃)
ဒီကောင်ကြီးဝင်မူး
အာဖရိကဗုံသံတွေနဲ့ ကခုန်
အော်ချင်တာတွေအော်ဟစ်
ခဏနေတော့ ဗုံသံရပ်သွား
အဲဒီမှာ အောင်ချိမ့်အသံကြီးထွက်လာ
“ဟေ့…ကဗျာဆရာဆိုတာ ငါတစ်ယောက်တည်းပဲ ရှိရမယ်“
အောင်ချိမ့်ကြီးက ကဗျာဆရာတွေကိုသေနတ်နဲ့ပစ်ချလိုက်တော့
အားလုံး
အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
(သူပစ်တာက ရေသေနတ်နဲ့ ပစ်တာ)
ခဏနေတော့ အားလုံး တဟားဟားရယ်ပြီး ထလာကြ
ကဗျာဆရာဆိုတာ ဘယ်တော့မှမသေဘူး
သိထား…
မသေဆေးမြစ်ရှိတယ်
မရပ်နားတဲ့ မြစ်တွေရှိတယ်
အဲဒီလိုနဲ့
အခန်းကျယ်ကြီးထဲက ထွက်ဖို့ပြင်တော့
အခန်းကြီးဟာ ပဒုမ္ပာကြာဖက်ကြီးလို
အလိုလိုပွင့်ကျသွား
သူတို့အားလုံးမှာ
ကမ္ဘာသစ်ဝတ်စုံတွေ ၀တ်ပြီးဖြစ်နေတာ
အံ့သြဖွယ် တွေ့ရှိလိုက်ရတယ်။
မောင်ချောနွယ်
၁၃-ဇွန်-၂၀၀၁
Labels:
ကဗျာ
ငါတို့ခေတ်
ငါတို့ခေတ်မှာ နိုင်ငံတော်ကပဲ
နိုင်ငံတော်သီချင်းဆိုသံ ပြန်ပြန်ပြီး လန့်နေရရှာတယ်
ငါတို့ခေတ်မှာ အမေရိကန် မုန်းတီးဝါဒီတွေကပဲ
အမေရိကန်ကို ဈေးရောင်းချင်ကြပြန်တယ်
ငါတို့ခေတ်မှာ အရင်အတိုင်း ပြန်ပြန်ဖြစ်သွားတဲ့
ညီမျှခြင်းတစ်ခု ရှိခဲ့ဖူးတယ်
ငါတို့ခေတ်မှာ အသစ်ဆောက်ထားတဲ့ တံတားကြီးတွေနဲ့
အကျင့်ပျက်ချစား မတရားတိုးတက်လာတယ်
ငါတို့ခေတ်မှာ လက်ဖက်ရည်ခွက်တွေသေးသေးသွားပြီး
စားပွဲထိုးတွေ ငယ်သထက်ငယ်လာတယ်
ငါတို့ခေတ်မှာ ချောင်းတစ်ခုအဖြစ် စီးခဲ့ဖူးတဲ့ ထမင်းရည်ဟာ
ရာဇ၀င်ထဲက ပုလင်းနဲ့ချင်ပြီး တိတ်တိတ်လေးရောင်းမှရတဲ့
အာဟာရတစ်ခု ဖြစ်လာဖူးတယ်
ငါတို့ခေတ်မှာ တင်ထားတဲ့ထီးတော်နဲ့
ပစ်သတ်ခံရတဲ့ သံဃာတော်တွေရှိတယ်
ငါတို့ခေတ်မှာ သာဿနာ့အလံဟာ
တော်လှန်ရေးအလံသစ် တစ်ခုထပ်ဖြစ်လာတယ်
ငါတို့ခေတ်မှာ ရန်သူတော်ရင်ချီးကျူးဖို့
ဟန်ပြင်ရင်းနဲ့ သူရဲကောင်းတွေအိုခဲ့ကြတယ်
ငါတို့ခေတ်ရဲ့ဟင်နရီဒူးနန့် ဟာ
စစ်ရေးပြမှာ ချီတက်နေရရှာတယ်
ငါတို့ခေတ်မှာ နည်းပညာအရကျွန်ပြုခံနိုင်ငံနဲ့
တစ်ပါးနိုင်ငံကျွန်ဖြစ်ခံ ပြည်သူဆိုတာရှိလာပြန်တယ်
ငါတို့ခေတ်မှာ တန်းစီမှခွဲတန်းရတဲ့ စားအုန်းဆီနဲ့
ဆီလျှော့စားဖို့ ကျန်းမာရေးပညာပေးရှိတယ်
ငါတို့ခေတ်မှာ မိုးလုံးပြည့်မုသာဝါဒဟာ
ပြည်တွင်းသတင်းမှာ အချိန်မှန်လာတယ်
ငါတို့ခေတ်မှာ အမှန်တရားဟာ
ရေဒီယိုထဲက ထွက်ကျလာတယ်
ငါတို့ခေတ်မှာ “ကိုယ်ထူကိုယ်ထ” နဲ့ “သံချပ်”ဟာ ပျောက်ဆုံးပြီး
“ကိုယ်အားကိုယ်ကိုး” နဲ့ “ဟစ်ဟော့”ဟာ စင်ပေါ်ရောက်လာခဲ့တယ်
ငါတို့ခေတ်မှာ စိစစ်ရေးခွင့်ပြုပြီးမှ
ကဗျာဆရာဟာ အဖမ်းခံရပြန်တယ်
ငါတို့ခေတ်မှာ
ကြက်ဆူပင်ဟာ လူတစ်ချို့လာမှ အစိုက်ခံရရှာတယ်
နောက်ဆုံး...
ဘ၀အသေ လူတွေနဲ့
ငါတို့ခေတ်ဟာ နွံနစ်ရရှာတော့တယ် ။ ။
ဂျိုး(ငြိမ်းချမ်းရေး)
နိုင်ငံတော်သီချင်းဆိုသံ ပြန်ပြန်ပြီး လန့်နေရရှာတယ်
ငါတို့ခေတ်မှာ အမေရိကန် မုန်းတီးဝါဒီတွေကပဲ
အမေရိကန်ကို ဈေးရောင်းချင်ကြပြန်တယ်
ငါတို့ခေတ်မှာ အရင်အတိုင်း ပြန်ပြန်ဖြစ်သွားတဲ့
ညီမျှခြင်းတစ်ခု ရှိခဲ့ဖူးတယ်
ငါတို့ခေတ်မှာ အသစ်ဆောက်ထားတဲ့ တံတားကြီးတွေနဲ့
အကျင့်ပျက်ချစား မတရားတိုးတက်လာတယ်
ငါတို့ခေတ်မှာ လက်ဖက်ရည်ခွက်တွေသေးသေးသွားပြီး
စားပွဲထိုးတွေ ငယ်သထက်ငယ်လာတယ်
ငါတို့ခေတ်မှာ ချောင်းတစ်ခုအဖြစ် စီးခဲ့ဖူးတဲ့ ထမင်းရည်ဟာ
ရာဇ၀င်ထဲက ပုလင်းနဲ့ချင်ပြီး တိတ်တိတ်လေးရောင်းမှရတဲ့
အာဟာရတစ်ခု ဖြစ်လာဖူးတယ်
ငါတို့ခေတ်မှာ တင်ထားတဲ့ထီးတော်နဲ့
ပစ်သတ်ခံရတဲ့ သံဃာတော်တွေရှိတယ်
ငါတို့ခေတ်မှာ သာဿနာ့အလံဟာ
တော်လှန်ရေးအလံသစ် တစ်ခုထပ်ဖြစ်လာတယ်
ငါတို့ခေတ်မှာ ရန်သူတော်ရင်ချီးကျူးဖို့
ဟန်ပြင်ရင်းနဲ့ သူရဲကောင်းတွေအိုခဲ့ကြတယ်
ငါတို့ခေတ်ရဲ့ဟင်နရီဒူးနန့် ဟာ
စစ်ရေးပြမှာ ချီတက်နေရရှာတယ်
ငါတို့ခေတ်မှာ နည်းပညာအရကျွန်ပြုခံနိုင်ငံနဲ့
တစ်ပါးနိုင်ငံကျွန်ဖြစ်ခံ ပြည်သူဆိုတာရှိလာပြန်တယ်
ငါတို့ခေတ်မှာ တန်းစီမှခွဲတန်းရတဲ့ စားအုန်းဆီနဲ့
ဆီလျှော့စားဖို့ ကျန်းမာရေးပညာပေးရှိတယ်
ငါတို့ခေတ်မှာ မိုးလုံးပြည့်မုသာဝါဒဟာ
ပြည်တွင်းသတင်းမှာ အချိန်မှန်လာတယ်
ငါတို့ခေတ်မှာ အမှန်တရားဟာ
ရေဒီယိုထဲက ထွက်ကျလာတယ်
ငါတို့ခေတ်မှာ “ကိုယ်ထူကိုယ်ထ” နဲ့ “သံချပ်”ဟာ ပျောက်ဆုံးပြီး
“ကိုယ်အားကိုယ်ကိုး” နဲ့ “ဟစ်ဟော့”ဟာ စင်ပေါ်ရောက်လာခဲ့တယ်
ငါတို့ခေတ်မှာ စိစစ်ရေးခွင့်ပြုပြီးမှ
ကဗျာဆရာဟာ အဖမ်းခံရပြန်တယ်
ငါတို့ခေတ်မှာ
ကြက်ဆူပင်ဟာ လူတစ်ချို့လာမှ အစိုက်ခံရရှာတယ်
နောက်ဆုံး...
ဘ၀အသေ လူတွေနဲ့
ငါတို့ခေတ်ဟာ နွံနစ်ရရှာတော့တယ် ။ ။
ဂျိုး(ငြိမ်းချမ်းရေး)
Labels:
ကဗျာ
နိဗ္ဗာန်ဘုံအထက်နားဆီက
* ငါ......
အမြင့်တနေရာက
ရပ်နေရာကမြင်မိ
အောက်နားမှာကြည့်.......
နာနာဘာဝ
ဝိနာဘာဝ
မကောင်းဆိုးဝါးတသင်း
ရုန်းရင်းဆန်ခတ်
မရပ်မနား ပြေးလွှားခုန်ပေါက်
ပေါက်မြောက် ဟစ်အော်
ဒုစရိုက်နွံထဲ နစ်နေဆဲ......။
* သူတို့ထဲက တစ်ယောက်
နောက်တောက်တောက် ပြီတီတီ
ငါ့ဆီ လှမ်းအော်
ဟေ့...ရဲဘော်ကြီး
သွေးသောက်ကြီးရေ
နောင်ကြီးရေ.....တဲ့။ ။
ကြည်ဇော်မိုး
[ "I stood upon a high place" by Stephen Crane"]
[ '၈၆ ဂန္ထ၀င်ပျိုးခင်း ကဗျာစာအုပ်မှ]
အမြင့်တနေရာက
ရပ်နေရာကမြင်မိ
အောက်နားမှာကြည့်.......
နာနာဘာဝ
ဝိနာဘာဝ
မကောင်းဆိုးဝါးတသင်း
ရုန်းရင်းဆန်ခတ်
မရပ်မနား ပြေးလွှားခုန်ပေါက်
ပေါက်မြောက် ဟစ်အော်
ဒုစရိုက်နွံထဲ နစ်နေဆဲ......။
* သူတို့ထဲက တစ်ယောက်
နောက်တောက်တောက် ပြီတီတီ
ငါ့ဆီ လှမ်းအော်
ဟေ့...ရဲဘော်ကြီး
သွေးသောက်ကြီးရေ
နောင်ကြီးရေ.....တဲ့။ ။
ကြည်ဇော်မိုး
[ "I stood upon a high place" by Stephen Crane"]
[ '၈၆ ဂန္ထ၀င်ပျိုးခင်း ကဗျာစာအုပ်မှ]
Labels:
ကဗျာ
Subscribe to:
Posts (Atom)





















